ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ သို့ သတင်း သွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံ သတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော ရဲများ တာဝန်ယူစောင့်ကြပ်နေ သည့်ပုံ များ၊ စုစည်းကာ ထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီး တစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေး ခဲ့ရကြောင်း သိရသည်။
"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ ပုံမျိုးတွေ ကိုတော့ ရိုက်ခွင့် မပေးဘူး။ ကျွန်တော် ရိုက်ထားတဲ့ ပုံတွေကိုဖျက် ခိုင်းတယ်။ ပြောတာကတော့ ပြေပြေလည် လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်း တစ်ယောက် ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး (ကစ္ဆပ) ကပြောသည်။
အခြားသတင်းဌာနများမှ ဓာတ်ပုံဆရာများအားလည်း ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြုကြောင်းသိရသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ရေးဆွဲထားသည့် ပုံနှိပ် နှင့် သတင်း မီဒီယာ ဥပဒေ (ပထမ မူကြမ်း) အခန်း(၃)၊ ပုဒ်မ၁၁ တွင် "နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊ သတင်းပေး ခွင့်ရှိခြင်း"၊ ပုဒ်မ၁၂ တွင် "နိုင်ငံသားများ သိခွင့်ရှိသော သတင်း အချက် အလက် များကို တားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ်ကိုင် ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ လွတ်လပ်စွာ စုံစမ်းဖော် ထုတ်ရေး သားခွင့်၊ ထုတ်လွှင့်ခွင့်ရှိခြင်း"၊ ပုဒ်မ ၂၃ တွင် "အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသောနေရာ၌ သတင်းရ ယူနေသော သတင်းထောက်များကို ဖမ်းဆီး ထိန်း သိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက် အထား၊ စာရွက် စာတမ်းများ) တို့ကိုသိမ်းဆည်းခြင်းအာဏာပိုင်များမှ မှတ်တမ်း တင်ထားခြင်း တို့မှ ကင်းလွတ်ခွင့် ရှိခြင်း" စသည်ဖြင့်ဖော်ပြထားသည်။
"Format ချလိုက်လဲ ကိစ္စမရှိဘူးလေ။ ရုံးက ကွန်ပျူတာ ဌာနကို အဲဒီကပ်ပေးလိုက်ရင် ပုံတွေ ပြန်ဖော် လို့ရတဲ့ ဆော့ဖ်ဝဲရှိတယ်။ ဒီတော့သူတို့ဘာပဲလုပ်လုပ် ကျွန်တော် လုပ်ခွင့်ပေးလိုက်ပါတယ်၊ အခုလဲ ပုံတွေ အကုန်ပြန် ရပါတယ်"ဟု အောင်နိုင်စိုး(ကစ္ဆပ)ကပြောသည်။
အောင်နိုင်စိုး (ကစ္ဆပ)သည် အမျိုးသား သတင်း ဆုကော် မတီက ချီးမြှင့်သော ၂၀၁၁ ခုနှစ်အတွက် အကောင်း ဆုံး သတင်း ဓာတ်ပုံဆု ရရှိခဲ့သူဖြစ်သည်။
Popular Myanmar News Journal
Time in Rangoon


0 comments:
Post a Comment