Thursday, February 28, 2013

ကားဂိတ်တွေကို ဆက်ကြေးကောက်နေတဲ့ SSA ၀မ်ဟိုင်းအဖွဲ့

Posted by drmyochit Thursday, February 28, 2013, under | No comments


အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နမ္မတူ မြို့မှာရှိတဲ့ ငွေရတနာ မန်းကား ဂိတ် ၃ ဂိတ်စလုံးကို ဆက်ကြေးေ တာင်း ခံတဲ့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ ကားဂိတ် ၃ ဂိတ် စလုံးမှာ မှန်လုံ ကားကြီး ဆိုရင် ငွေတစ်သိန်း၊ မှန်လုံကားလတ် ဆိုရင် ငွေခုနှစ်သောင်း နဲ့ မှန်လုံကား အသေးဆိုရင် ငွေ ငါးသောင်းနှုန်းနဲ့ တောင်းခံခဲ့ ပါတယ်။ တောင်းတဲ့ငွေမပေးခဲ့ရင် ခရီးသည် တင်ယာဉ်တွေ ကို ပစ်ခတ် မယ် လို့ခြိမ်းခြောက် ခဲ့ပါတယ်။

အက်စ်အက်စ်အေ (၀မ်ဟိုင်း)ဟာ အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး သဘာတူ ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေ အတွက် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့နယ်မြေက ၀မ်ဟိုင်းမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများကိုပါ ၀င်ရောက်အင်အား တိုး ချဲ့နေတာဖြစ် ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူထားပေမယ့် လိုက်နာမှုမရှိဘဲ အစိုးရ စစ်ကြောင်းတွေ ကို စောင့်ကြို တိုက်ခိုက်နေကြ ပါတယ်။ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း တရားမ ၀င်လုပ် ငန်း များဆောင် ရွက်ပြီး လက်နက်ခဲယမ်းဝယ်ယူခြင်းတွေ ကို ဆောင် ရွက်နေကြ တာဖြစ် တယ်။


ဒီလို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေကို အစိုးရနဲ့ ရှမ်းမြောက် အဖွဲ့တွေ၊ ခေါင်းဆောင်တွေ သဘော တူပြုလုပ် ထားကြပေ မယ့် အောက်ခြေ တပ်ဖွဲ့ဝင်တွေက မလိုက်နာကြတာ ကိုတွေ့ရပါတယ်။ လက်အောက် နဲ့ တပ်ဖွဲ့ဝင်တွေဟာ လူသစ်စု၊ ဆက်ကြေးကောက် စတဲ့ အနိုင်ကျင့်မှု တွေနဲ့ တိုင်းရင်း သားပြည်သူတွေကို ဆက်ပြီး အနိုင် ကျင့်နေ တာတော့ မကောင်းတဲ့ အလားအလာတွေ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆောင်ရွက်နေချိန်မှာ လက်နက်သာအဓိကဆိုတဲ့ အသိတွေ၊ အစွဲတွေ မဖျောက်နိုင်ရင် ပြည်သူတွေ ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ယောက်ပြော သလို ခရီးသွား ရင် အိပ်စရာ၊ စားစရာ ယူသွားဖို့မလိုဘူး။ သေနတ်ပြောင်းဝမှာ အပျိုလေး လည်းရှိတယ်၊ ကြက်သား ဟင်းလည်း ရှိတယ် ဆိုသလို ဖြစ်နေရင် ဒီဒေသဟာ ဘယ်တော့မှ ငြိမ်းချမ်းရေးရတော့မှာ မဟုတ် ပါဘူး။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပစ်အခတ်ရပ်စဲထားတဲ့နေ ရာတွေဟာ အရင်က ထက်ပိုပြီး အေးချမ်း သာယာဖွံ့ဖြိုးတိုး တက်ရ မှာဖြစ်ပါတယ်။

ဒီဒေသတွေမှာနေထိုင်တဲ့ ပြည်သူ တွေအနေနဲ့ အေးအေးချမ်းချမ်းနေနိုင်ရမှာဖြစ်ပါတယ်။ တစ်နေရာက တစ်နေ ရာကို လွတ်လွတ် လပ်လပ် သွား လာရောင်းဝယ်ဖောက်ကားနိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ် ဘဲ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘော တူညီမှု ကို အကာအ ကွယ် ယူပြီး ကိုယ်စခန်းချထား ပေးတဲ့နေရာမှာ မနေဘူး ။ ဒေသ ခံလူထုတွေကို အနှောင့်အယှက်ပေးပြီး အဓမ္မ လူသစ် စုဆောင်း မယ်။ ခုလိုပဲ လက်နက်အားကိုးနဲ့ အနိုင်ကျင့်မယ်။ အကြောင်းအမျိုးမျိုးပြပြီး ဆက်ကြေး ကောက်နေ မယ်ဆိုရင် ဒီဒေသဟာ အပစ်အခတ်ရပ်စဲ ထားပေ မယ့် ငြိမ်းချမ်း တဲ့ဒေသ မဖြစ်နိုင်ပါဘူး လို့ ဒေသခံတွေ က လည်း ပြောနေကြ ပါတယ်။

ဒါကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ခိုင်မာဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေက အစိုး ရနဲ့ ညှိနှိုင်းဆောင် ရွက်နေချိန် မှာ အောက်ခြေကတပ်ဖွဲ့ဝင်တွေကလည်း ငြိမ်းချမ်းရေးဒေသဖွံ့ဖြိုးတိုး တက်ရေး အတွက် အရင်က အကျင့်တွေကို ဖျောက်ဖျက်ပြီး လိုက် ပါ ဆောင် ရွက်သင့်ပါကြောင်း ဒေသခံ များရဲ့ ရင်တွင်းစကားကို တစ်ဆင့်ပြောကြားလိုက်ရခြင်း ဖြစ်ပါ တယ်။

စိုင်းကျော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်