Thursday, February 28, 2013

အော်စလိုမှ သူရဲကောင်းကြီး များသိစေရန် နေမင်း၏ ရှင်းတမ်း

Posted by drmyochit Thursday, February 28, 2013, under | No comments


ကဲ မျက်စိထဲမှာ မြင်လာတော့လည်း မပြောပဲ ကလည်း မနေနိုင်တော့ဘူး ဆိုတော့ပြောလိုက် ရသေးတာပေါ့ သူများနို်င်ငံမှာ ကိုယ့်သမ္မ တကို သက္ခာ ကျအောင် လုပ်တဲ့ စကောလောက် မှ ဇောက်မနက်တဲ့သူ တွေကိုပေါ့ ဗျာ....

သူတို့က ဘာတွေ အော်သွားသလဲဆိုတော့ ...

ကြွေးကြော်ကြတဲ့ တောင်းဆိုချက်တွေကို ကြည့် ပါ....

၁) စစ်အစိုးရ အလိုမရှိ

၂) ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ

၃) ကြံ့ဖွံ့အစိုးရ အလိုမရှိ

၎) သိန်းစိန် လူလိမ်

၅) ဒီမိုကရေစီ ချက်ချင်းပေး တဲ့ ......

ဟုတ်ပြီ တစ်ခု ချင်းကို ပြန်ရှင်း ကြပါစို့


နံပါတ်(၁) စစ်အစိုးရ အလိုမရှိလို့အော်ကြတယ် ခု အချိန်မှာ သမ္မတကြီးဟာတစ်ချိန်က စစ်တပ်က ဆိုပေမဲ့ ခု အချိန်မှာ အစိုးရ တစ်ယောက် အနေနဲ့နိုင်ငံ အပေါ် ကျောသား ရင်သား မခွဲခြားပဲ အစစ အရာရာ အုပ်ချုပ်နေသလိုစစ်တပ် တစ်ခုတည်းကိုပဲ အရေးပေးပြီး အုပ်ချုပ်နေတဲ့ သမ္မတ လည်းမဟုတ်ဖူးဆိုတာ
ဦးနှောက်ရှိတဲ့ ပြည်သူတွေ အားလုံးလည်း သိကြမယ် ထင်ပါတယ်....

နံပါတ်(၂) ၂၀၀၈ ဖွဲ့စည်းပုံ ကိုအလိုမရှိဆိုတာ သူတို့ကိုယ်တိုင်အော်တာလားတစ်ယောက်ယောက်ရဲ့ ခိုင်းစေ ချက်ကြောင့် အော်တာလား ဆိုတာ စဉ်းစားစရာရှိလာတယ်ဆန္ဒပြတဲ့ သူတွေရဲ့ နောက်မှာ ကြိုးကိုင် တဲ့သူမရှိဘူးလို့ ပြောလို့မရဘူး....နောက်တစ်ချက် သူတို့ အော်နေတဲ့ ဖွဲ့စည်းပုံ ဆိုတာကြီး ကိုရော အကုန်ဖတ်ဖူးပါသလားအဲဒီ မေးခွန်း တစ်ချက်နဲ့တင် သူတို့ တွေရဲ့ နောက်မှာ တစ်စုံ တစ်ယောက်ကြိုး ကိုင်နေတယ်ဆိုတာ မြင်နိုင်ပါတယ်.....

နံပါတ်(၃) ကြံ့ဖွံ့ အစိုးရ အလိုမရှိ အဲဒီ နေရာမှာ ခုလက်ရှိကြံ့ဖွတ် အစိုးရကြောင့်နိုင်ငံသိက္ခာကျစေမည့် ပြည်သူ များ သိက္ခာကျစေမည့် ဘာသာ အသိက္ခာကျစေမည့်အပြုအမူ မရှိခဲ့သလို အရင် စစ်အစိုးရ အဖွဲ့မှ လူများ အဖွဲ့ဝင်ဖြစ်သည် ဟုဆိုသည့်အချက် တစ်ချက်နဲ့တင် ပြန်လည် ဖြေရှင်းစရာ မလိုတော့ပါဘူး.....

နံပါတ်(၄) သိန်းစိန် လူလိမ် ဆိုတဲ့ အချက် ဆန္ဒပြတဲ့ သူတွေ အနေနဲ့ ဘာကိုကြည့်ပြော တာလဲဘယ်နေရာမှာ လိမ်ခဲ့တာလဲ သူတစ်ယောက် ကောင်းဖို့ အတွက် သူ့မိသားစု ကောင်းဖို့အတွက် လုပ်နေတဲ့ လုပ်ရပ် ရှိခဲ့ပါသလား သမ္မတ သက်တမ်းတစ်လျောက်မှာ အမဲစက်မရှိခဲ့သလို တပ်မတော် သားဘ၀ ကတည်းက နာမည်ပျက်မရှိတဲ့ သမ္မတ ဦးသိန်းစိန်ဟာနိုင်ငံကောင်းစား ဖို့ အတွက် သူ့ကျန်း မာရေး အတွက် နှလုံးခုန် စက်ကို အသုံးပြုပြီးနိုင်ငံ အတွက် အပင်ပန်ခံပြီး ကြိုးစားနေခဲ့တာပါ.....

နံပါတ်(၅) ဒီမိုကရေစီ ချက်ချင်းပေး ဆိုတဲ့ နေရာမှာ တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့တဲ့ကျွန်တော်တို့ နိုင်ငံဟာ ခုချက်ချင်းရေတွင်းတူ ခုချက်ချင်း ရေကြည်သောက်လို့ မရသေးတဲ့အခြေ အနေမှာရှိနေသလို တစ်ဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှု နိုင်ငံတော်၏ တိုးတက်လာမှုတို့ကို ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုချင်းခံ ထားရပါတယ် အဆင့်မှာ ရှိနေပါတယ် ....သူတို့ ပြောတဲ့ ဒီမိုကေ၇ စီဆိုတာ ဘာကို ဆိုလို တာလဲ .......သူတို့ နိုင်ငံခြားမှာ ဒုက္ခသည် အမည်ခံပြီး သူတို့ ကောင်းစားဖို့ အတွက်လား .....

ပြီးရင် တင်လာတဲ့ စတေးတပ်တွေကို ကြည့်ပါ

အရှက်ကွဲ သွားတဲ့ သမ္မတ၊ နော်ဝေအစိုးရကတောင် အံ့သြသွားတယ် ဆိုတဲ့ ဟာတွေ

အင်တာဗျူးမှာ ပြောတဲ့စကားတွေ ကြည့်ပါလဒလောက်တော့ ငှက်တိုင်းလှပါတယ်....စစ်ဖွဲ့စည်းပုံ ရှိနေသရွေ့ ဒီနိုင်ငံ နောက်ထပ် အနှစ်ငါးဆယ်လည်း မတိုးတက်ဘူး..အနှစ် ၂၀ လုံးလုံး ခံလာရတာ တဲ့လို့လည်း နော်ဝေ သူရဲကောင်းကြီးတွေကဆိုထားပါတယ်...

ငါတို့လုပ်တာကြောင့် ဦးသိန်းစိန် သိက္ခာကျသွားပြီ ကွ....နော်ဝေအစိုးရတော့ အရှိုက်ထိသွားပြီ ငါတို့ လုပ်လိုက်တာကွ....မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ သောက်အဆင့်မရှိဘူးလို့ ငါတို့ ချလိုက်ပြီကွ...ဆိုတဲ့ နော်ဝေက သူရဲကောင်းကြီးတွေ

ခင်ဗျားတို့လုပ်ရပ်ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပြင်မှာ မဟုတ်ပါဘူးခင်ဗျားတို့ သိက္ခာ ချလိုက်လို့ ဦးသိန်း စိန် အစိုးရ ပြုတ်ကျ မသွားပါဘူးခင်ဗျားတို့ ဆန္ဒပြလိုက်လို့ ပြည်သူတွေ ထမင်းဝမှာ မဟုတ်ပါဘူး

ကမ္ဘာက ၀ိုင်းပြီး ချီးကျူးနေတဲ့....ပတ်ဝန်းကျင်နိုင်ငံတွေက မနာလို တိုရှည် ဖြစ်နေကြ တဲ့....ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ ပြည်သူတွေ သိက္ခာကျသွားရုံ သက်သက်ပါ...

ခု အချိန်မှာ အနှစ်ပြန်ချုပ်ရမယ်ဆိုရင် ....

ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်တဲ့အချိန်မှာ အော်စလို သူရဲကောင်းကြီးတွေ ဆန္ဒပြခဲ့ပါသလား..

နော်ဝေမှာ ကြီးထွားနေတဲ့ ဘင်္ဂါလိမ် လော်ဘီတွေကို ဘယ်လိုမျိုး တန်ပြန် ဆန္ဒပြခဲ့ပါသလဲ ..

နော်ဝေအခြေစိုက် မီဒီယာတွေက ရိုဟင်ဂျာဘက်က ရပ်တည်ပြီး ပြောခဲ့တဲ့ အော်စလို

သူရဲကောင်းကြီးတွေ ဘာလုပ်နေခဲ့ကြပါသလဲ.....

နိုင်ငံ့ အတွက် သူရဲကောင်း ဖြစ်ချင်လို့ လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ်လုပ်တဲ့ လုပ်ရပ်က အဓိပ္ပာယ် ရှိစေလား နိုင်ငံသိက္ခာကျစေလားဆိုတဲ့... အတွေးကို အော်စလို သူရဲကောင်းကြီးတွေ
တွေးခဲ့ကြပါသလား....

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်