Friday, December 13, 2013

Financial Times ၏ မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံးဆု ကမ္ဘောဇဘဏ် ရရှိ

Posted by drmyochit Friday, December 13, 2013, under | 1 comment


လန်ဒန် အခြေစိုက် Financial Times မှ ပေးအပ်သည့် ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံမှ ဘဏ် လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံးဆု (Bank of the Year in Myanmar) ကိုကမ္ဘောဇ ဘဏ် လီမိတက်မှ ရရှိခဲ့ကြောင်း သိရ သည်။

Financial Times မှ ပေးအပ်သည့် ၂ဝ၁၃ ခုနှစ် နိုင်ငံအလိုက် အ ကောင်းဆုံး ဘဏ်ဆု ‘The Banker Awards 2013′ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂ဝ၁၃ ခုနှစ် နိုဝင် ဘာလ ၂၈ ရက်နေ့ ဒေသ စံတော်ချိန် ညနေ ၆ နာရီ ခွဲတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Intercontinental Hotel, Ballroom ခန်းမ၌ ကျင်းပသည်။

ယင်းကဲ့သို့ ၂ဝ၁၃ ခုနှစ် အတွက် နိုင်ငံအလိုက် ဘဏ်လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံး ဆုများကို အမေရိကန်နိုင်ငံ မှ Citi Bank၊ အင်္ဂလန်နိုင်ငံမှ Lloyd Banking Group၊ နယ်သာလန်နိုင်ငံမှ ING Bank၊ သြစတြေးလျနိုင်ငံမှ ANZ Bank၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ICBC Bank၊ တောင်ကိုရီးယားနိုင်ငံ မှ Shin Han Bank၊ စင်ကာပူနိုင်ငံ မှ UOB Bank၊ မလေးရှားနိုင်ငံမှ AM Bank၊ ထိုင်းနိုင်ငံမှ Kasikorn Bank၊ အိန္ဒိယနိုင်ငံမှ ICIC Bank တို့အပါအဝင် နိုင်ငံပေါင်း ၁၄၈ နိုင်ငံ၏ သက်ဆိုင်ရာ ဘဏ်အဖွဲ့အစည်း များမှလည်း ယင်းဆုကို အသီးသီး ရရှိခဲ့ကြသည်။

၎င်းဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှ ဘဏ်ဥက္ကဋ္ဌများ၊ CEO များ၊ အုပ်ချုပ်မှု ဒါရိုက်တာ များနှင့် အဆင့်မြင့် အရာရှိ ကြီးများ တက်ရောက် ခဲ့ကြရာ မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ် နန်းသန်းထွေး၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးသန်းလွင်၊ ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း၊ ဒါရိုက်တာ ဒေါ်နန်းခမ်းနောင့်၊ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်မျိုးနှင့် ကမ္ဘောဇ ဘဏ် လီမိတက် မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ ကြပြီး၊ မြန်မာနိုင်ငံ အတွက် Bank of the year in Myanmar 2013 ဆုကို ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင် ကိုဝင်းက တက်ရောက် လက်ခံရယူခဲ့ ကြောင်း သိရသည်။

Popular Myanmar News Journal

1 comments:

မိမိငွေစာရင်းလက်ကျန်ကိုonlineမှာကြည့်လို့ရပါသလားခင်ဗျာ

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်