ကျုးဘားနိုင်ငံ၏ အရှေ့တောင်ပိုင်း Manzanillo မြို့တွင် ကာလဝမ်းရောဂါကြောင့် လူ ၃ ဦးသေဆုံးပြီးနောက်ပိုင်း
ရက်အတန်ကြာတွင် ကျုးဘားမြို့တော် ဟာဗားနားရှိလူနာတစ်ဦး၌ ကာလဝမ်းရောဂါကိုတွေ့ရှိခဲ့
ရကြောင်း ဘီဘီစီသတင်းဌာနက ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ လူပေါင်း ၅ဝ ကျော်
ကူးစက်ခံခဲ့ရပြီး လူ ၁,ဝဝဝ ကျော်ကို ကျန်းမာရေးဂရုစိုက်စောင့်ရှောက်မှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း
သိရှိရပါသည်။ ရောဂါပြန်လည်ဖြစ်ပွားလာမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ သို့သော်
ဆေးရုံ ၄ ခုအနေဖြင့် သံသယရှိသော လူနာများအတွက် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့ပါသည်။
မသန့်ပြန့်သောရေတွင်းများမှရေများကိုသောက်သုံးပြီးနောက်ပိုင်းတွင် ဖျားနာမှုများဖြစ်ပေါ်ခဲ့ကြောင်း
အာဏာပိုင်များကပြောကြားခဲ့သော်လည်း ကာလဝမ်းရောဂါစတင်ခဲ့သည့် အကြောင်းအရင်းကိုမူ ရှင်းလင်းစွာသိရခြင်းမရှိသေး
ကြောင်း သိရှိရပါသည်။
BBC News.com;July-8(Sun)
0 comments:
Post a Comment