အသက် ၄၄ နှစ် အရွယ် ဒင်နီယယ် မက်ဂါးစ် ဆိုသူက ၂၀ဝ၉ ခုနှစ် အတွင်းက ပြုလုပ် ထားတဲ့ ခွဲစိတ် ကုသမှုကို မကျေနပ် တာကြောင့် ခွဲစိတ် ဆရာဝန်ကို တရားစွဲဆို လိုက်ပြီလို့ သိရ ပါတယ်။ သူ့အနေနဲ့ လိင်အင်္ဂါ အတု တပ်ဆင်တဲ့ ခွဲစိတ် ကုသမှုကို ပြုလုပ် အပြီးမှာ ရှစ်လ ကြာတဲ့ အထိ လိင်အင်္ဂါ ထောင်မတ် နေပြီး သူရဲ့ကပ်ပယ် အိတ်မှာလည်း ဘော်လီဘော အရွယ်လောက် ရှိနေ တာ ကြောင့်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ် ကြောင့် သူ့အနေနဲ့ မော်တော်ဆိုင် ကယ်စီးပြီး သတင်းစာ ဝေနေရတဲ့ နေ့စဉ် လုပ်ငန်းတွေကို ထိခိုက် တာကြောင့်လို့ ဆိုပါတယ်။ လိင်အင်္ဂါ အတု တပ်ဆင်ရာ မှာ လိင်အင်္ဂါ အတွင်း အရည်ပြည့် နေတဲ့ ဆလင်ဒါ နှစ်ခုကို ခွဲစိတ်ပြီး ထိုးထည့်ထား ရကာ အဲဒီဆလင်ဒါနဲ့ ဆက်နေတဲ့ အရည်အိတ် တစ်အိတ်ကို ဝမ်းဗိုက် အရေ ပြားအောက် အတွင်း ထည့်သွင်း ထားရပြီး ကပ်ပယ်အိတ် အတွင်းမှာ ထည့်ထားတဲ့ Pump တစ်ခုနဲ့ အသုံးပြုရတယ်လို့ ဆိုပါ တယ်။
Pump ကို ညှစ်အားပေးတဲ့ အတွက် ဆလင်ဒါထဲ အရည်ပြည့် သွားကာ ငါး စက္ကန့်မှ ၁၀ စက္ကန့် အတွင်း လိင်အင်္ဂါ ထောင်မတ်နိုင် တယ်လို့ သိရပါတယ်။ ဒယ်နီယယ်ကို လိင်အင်္ဂါ အတုတပ်ဆင် ပြီးနောက်ပိုင်းမှာ ရောဂါပိုး ဝင်သွားတဲ့ အတွက် ထောင်မတ်ရာက ပြန်မကျနိုင် တာကြောင့် အတုကို ပြန်လည် ဖြုတ် လိုက်ရတယ်လို့ သိရပါတယ်။ လိင်အင်္ဂါ အတု တပ်ဆင်တဲ့ နည်းကို ဆိုးရွားတဲ့ ပန်းသေပန်းညှိုးရောဂါ ရှိသူတွေမှာ အသုံးပြုလေ့ ရှိပါတယ်။
From:ရိုးရာလေး
Wednesday, June 26, 2013
ခွဲစိတ်မှု ခံယူပြီး ရှစ်လကြာသည် အထိ လိင်အင်္ဂါ ထောင်မတ် နေသူက ဆရာဝန်ကို တရားစွဲ
Posted by drmyochit
Wednesday, June 26, 2013, under နိုင်ငံတကာသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment