Saturday, October 26, 2013

ရိုက်ကွင်းတွင် သေဘေးနှင့် နီးနီးစပ်စပ် ကြုံခဲ့သည့် အီဗာလောင်ဂိုရီရာ

Posted by drmyochit Saturday, October 26, 2013, under | No comments

အသက်(၃၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် ကြာသပတေးနေ့က The View အစီအစဉ်တွင် ပါဝင်ခဲ့ရာ သူမ၏ ထိတ်လန့်သည်းဖို အတွေ့အကြုံ တစ်ခုကို ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်


သူမအနေဖြင့် ရုပ်ရှင်ရိုက်ရင်း သေဘေးနှင့် နီးခဲ့ဖူးကြောင်း အီဗာ လောင်ဂိုရီရာက ဖွင့်ဟ ပြောကြား လိုက်သည်။ အသက်(၃၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် ကြာသပတေးနေ့က The View အစီအစဉ် တွင် ပါဝင်ခဲ့ရာ သူမ၏ ထိတ်လန့်သည်းဖို အတွေ့အကြုံ တစ်ခုကို ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။ Desperate Houswivesစတား မင်းသမီးသည် Out of the Blue ဗီဒီယို ဇာတ်လမ်းတိုတွင် ဆွဲဆောင်မှု ပြည့်ဝ သည့် အမျိုးသမီး လုပ်ကြံရေးမယ် တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ သူမသည် စတန့်ဇာတ်ဝင် ခန်းများ တွင် ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ရာမှ မတော်တဆ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

"ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်မိလုနီးပါးပဲ"ဟု အီဗာက ဆိုသည်။ သူမက "ကျွန်မ တော်တော်ကြီး အရှိန်ပြင်းပြင်း ပြုတ်ကျတာပါ။ ကျွန်မရဲ့ နောက်ကျောမှာ နာသွားတယ်။ တင်ပါးလည်း တော်တော် နာသွား တယ်"ဟု အီဗာက ဖွင့်ဟခဲ့သည်။ အဆိုပါ ဇာတ်လမ်းတိုကို အပိုင်း(၁၀)ခုခွဲ ရိုက်ကူးပြီး Yahooတွင် သောကြာနေ့မှ စတင်ပြသမည် ဖြစ်သည်။ အီဗာသည် ယင်းဇာတ်ကားတွင် ဒါရိုက်တာ အဖြစ်လည်း ပူးတွဲတာဝန်ယူခဲ့သည်။ သူမက "ကျွန်မ အနေနဲ့ ဒါရိုက်တာအဖြစ် အလုပ်လုပ်ရတာရယ်၊ ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် ထုတ်လုပ်မှုအပိုင်းမှာ တာဝန်ယူရတာရယ်ကို တော်တော်လေး သဘောကျမိပါတယ်။ ပြောရရင် မင်းသမီးထက် ဒါရိုက်တာတောင် ပိုဖြစ်ချင်မိတယ်"ဟုလည်း ပြောဆိုသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်