Thursday, June 12, 2014

နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်

Posted by drmyochit Thursday, June 12, 2014, under | No comments


ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာနမှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

‘‘မုန်တိုင်းက အာရေဗျပင် လယ်ထဲမှာ တိုက်နေတယ်။ သူ့ရဲ့ အရှိန်ကြောင့် မုတ်သုံလေအား ကောင်းပြီး မြန်မာနိုင်ငံ တချို့နေ ရာတွေမျာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်။ ပင်လယ်ပြင်ခရီးသွား လုပ်ငန်းတွေနဲ့ ငါးဖမ်းရေယာဉ် တွေ သတိထားဖို့ လိုပါတယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

မိုး/ဇလဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နွားနောက် (Nanauk) မုန်တိုင်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း သတိ ပေးထားသည်။ ထို့ပြင် မြစ်ဝ ကျွန်းပေး၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်နာရီလေတိုက် နှုန်း မိင် ၄၀ အထိ တိုက်ခတ်နိုင် ကာ လှိုင်းကြီးနိုင်ကြောင်း သတိ ပေးချက် ထုတ်ပြန်ထားသည်။

နွားနောက် (Nanauk) မုန် တိုင်းသည် အာရေဗျပင်လယ်တွင် ၂၀၁၄ ခုနှစ်အတွင်း ဒုတိယ မြောက် ဖြစ်ပေါ်လာသည့် မုန် တိုင်းဖြစ်ပြီး ယခုအကြိမ်တွင် မြန် မာနိုင်ငံမှ မုန်တိုင်းအမည်တပ်ခဲ့ ခြင်းဖြစ်သည်။ ဘင်္ဂလားပင်လယ် အော်၊ ကပ္ပလီပင်လယ်နှင့် အာ ရေဗျပင်လယ်တို့တွင် ဖြစ်ပေါ် သော မုန်တိုင်းများကို အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်နေသည့် နိုင်ငံ ၁၁ ခုမှ အလှည့်ကျအမည်ပေး ခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာ နိုင်ငံမှ ပေးထားသည့် နာမည်ပေး ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် အာရေဗျပင် လယ်အော်တို့သည် ဆက်စပ်နေ သောကြောင့် နွားနောက် (Na-nauk) မုန်တိုင်း၏ အရှိန်သည် မြန်မာနိုင်ငံသို့ပါ သက်ရောက် ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်း လွင်က ရှင်းပြသည်။ မုတ်သုံလေ အားကောင်းလာခြင်းကြောင့် မြန် မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက် ပိုင်းဒေသများ မိုးရနိုင်ကြောင်း ပြောသည်။

Author: အောင်သစ်လွင်
7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်