Wednesday, May 22, 2013

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ ကုလအထူးကိုယ်စားလှယ် နမ်ဘီးယား တက်မည်

Posted by drmyochit Wednesday, May 22, 2013, under | No comments


မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲသို့  ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးအကြံပေးမစ္စတာ နမ်ဘီးယား တက်ရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ပထမ မေ ၂၂ရက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ထားပေမယ့်သူ(နမ်ဘီးယား) မအားလို့ ဆိုတာနဲ့ သူအားတဲ့ ၂၈
ရက်ကိုပြောင်းလုပ်ရတာ”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာကပြောသည်။

ကုလသမဂ္ဂအနေနှင့် ပထမဆုံးတက်ရောက်မည့် ဆွေးနွေးပွဲတွင် ထူးခြားမှုရှိမည်ဟု မျှော်လင့်ထားကြပြီး
ထိုဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိနိုင်ကြောင်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေး
လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက မေ ၁၉ ရက်တွင် ပြောကြားသည်။

“ဒီဆွေးနွေးပွဲက အောင်မြင်မှာဖြစ်တယ်။ အဲဒီဆွေးနွေးပွဲပြီးရင် အလုံးစုံ အပစ် အခတ် ရပ်စဲရေးကြီး ဖြစ်လာ လိမ့်မယ်”ဟု ၀န်ကြီးက 7Day Daily ကိုပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ဆိုတာ မြန်မာအစိုးရအပေါ်မှာပဲ မူတည်ပါတယ်”ဟု စစ်ရေးနိုင် ငံရေး စောင့်ကြည့်လေ့ လာသူ ဦးအောင်ကျော်ဇောကပြောသည်။မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် ပြည်တွင်းပြည်ပမှ  လေ့လာသူဖိတ်ကြားရေးအား KIO အဖွဲ့က စီစဉ်ဆောင် ရွက်နေကြောင်း မြန်မာငြိမ်း ချမ်းရေး စင်တာမှ  တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုကျင်းပမည့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရနိုင်သည်ဟုလည်း ဦးလမိုင်ဂွန်ဂျာ
ကပြောကြားသည်။

“ရွှေလီဆွေးနွေးပွဲပြီးကတည်းက အရင်ကထက်စာရင် တိုက်ပွဲတွေက ပြောပလောက်အောင်မဖြစ်တော့ဘူး” ဟု ဦးလ မိုင်ဂွန် ဂျာက ပြောသည်။ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားကို သက်သေ အဖြစ် တက်ရောက်ပေးရန် ကချင်ဒေသခံများက ဖေဖော်ဝါရီလအတွင်းကတောင်းဆိုခဲ့ကြသည်။

“သူတို့ (KIO) ယုံကြည်တဲ့အဖွဲ့ အစည်း သို့မဟုတ် လူတစ်ယောက်ရဲ့ ရှေ့မှာပြောကြတာဟာ ယုံကြည်မှု
ဖြစ်စေ တယ်။ စိတ်ချလက်ချဖြစ်တာပေါ့။ ဒါကြောင့်ယူအင်န်ပါလာတဲ့ကိစ္စက အရေးပါတယ်” ဟု ပဋိပက္ခဖြေ
ရှင်းရေး ကျွမ်းကျင်သူ ဦးတင်မောင်သန်းကပြောကြားသည်။

ရွှေလီမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၊ ညီညွတ်
သောတိုင်း ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC), RCSS/SSAနှင့် ကရင်အမျိုးသားအစည်းအရုံး
မှ ခေါင်းဆောင် များလေ့ လာသူအဖြစ်တက်ရောက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်မူ တရုတ်အစိုးရကိုယ်စားလှယ်တက်ရောက်ရန်
အစီအစဉ် ရှိသော်လည်း မသေချာသေးကြောင်း ဦးလမိုင်ဂွန် ဂျာကဆိုသည်။

ကုလသ မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂိုလ်မစ္စတာနမ်ဘီယားသည် ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းများကို သွားရောက်ကြည့် ရှုခဲ့သည်။

From : ..7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်