Wednesday, December 05, 2012

တော်ဝင်ကုမ္ပဏီ အလုပ်သမားများ တောင်းဆိုခဲ့သည့် အချက်များအား တိုင်းခုံသမာဓိရုံးက အနိုင်ပေး ဆုံးဖြတ်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးခြင်း မရှိဟုဆိုကာ အလုပ်သမား နှစ်ရာကျော် ထပ်မံ တောင်းဆိုမှုပြုလုပ်

Posted by drmyochit Wednesday, December 05, 2012, under | No comments



 မရမ်းကုန်း မြို့နယ်၊ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့ ရောက်ရှိ လာသည့် တော်ဝင်အလုပ်သမားများကို တွေ့ရစဉ်        
တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်မှု ၁၈ရက်မြောက် သည့် နိုဝင်ဘာလ ၁၁ရက်နေ့ တွင် ၎င်းတို့ တောင်းဆိုသည့်အချက် ၅ချက်အနက် အချက် ၄ချက်အား ရန်ကုန် တိုင်းဒေသကြီး ခုံသမာဓိရုံးမှ အနိုင်ပေး ဆုံးဖြတ်ခဲ့သော်လည်း ကုမ္ပဏီဘက်မှ လိုက်လျော ဆောင် ရွက်ပေးခြင်း မရှိဟု ဆိုကာ အလုပ်သမား နှစ်ရာကျော်မှ ထပ်မံတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။


 အင်းစိန်မြို့နယ် စုပေါင်းရုံးရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးရုံး ၊ မရမ်းကုန်းမြို့နယ် အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးသို့ လမ်းလျှောက်လာစဉ်

အဆိုပါတောင်းဆိုမှုကို ဒီဇင်ဘာလ ၄ရက်နေ့နံနက် ၉နာရီမှ မွန်းလွဲ ၁နာရီအထိ အင်းစိန်မြို့နယ် စုပေါင်းရုံးရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးသို့ သွားရောက်တောင်းဆိုမှု ပြုလုပ်ခဲ့ကြပြီး ထိုမှတစ်ဆင့် မရမ်းကုန်း မြို့နယ်၊ ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့ လမ်းလျှောက် သွားရောက်ပြီး အလုပ်ရှင်ဘက်မှ တောင်းဆိုမှုများ လိုက်လျောမှု မရှိခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများ မှ ဖြေရှင်းပေးရန် တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။

မရမ်းကုန်း မြို့နယ်၊ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့
ရောက်ရှိလာသည့် တော်ဝင်အလုပ်သမားများကို တွေ့ရစဉ်
အလုပ်သမားများမှ အင်းစိန်စုပေါင်းရုံးတွင် တောင်းဆိုမှုများ ပြုလုပ်နေစဉ်တွင် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဝင်းက အလုပ်သမားများအား လူစုခွဲရန် သတိပေးခဲ့ပြီး လိုက်နာခြင်းမရှိ ပါကဥပဒေအရ အရေးယူဆောင် ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အလုပ်သမားများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်း မ ဟုတ်ကြောင်း အ လုပ် သမားရုံး ရှိရာသို့ လာရောက်၍ အလုပ်ရှင်၏ ခုံရုံးဆုံးဖြတ်ချက်များ လိုက်နာမှုမရှိသည့် အပေါ် ဖြေရှင်းပေး ရန် အကူ အညီ တောင်းခံခြင်းသာဖြစ်ကြောင်း ပြန်လည် ပြောပြခဲ့ကြသည်။

အင်းစိန်မြို့ နယ် စုပေါင်းရုံးရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေး ရေးရုံးရှေ့တွင်အလုပ်သမားများ တောင်းဆိုမှုပြုလုပ်နေစဉ်

ရဲမှူးဦးသန်းဝင်းက “ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ခွင့်ပြု့မိန့်မရရှိဘဲ အခုလို လုပ်ဆောင်နေတာကို လူစုခွဲဖို့ သတိပေး ထားပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှ လူစုမခွဲဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက် သွားမှာ ပါ”ဟု ပြောကြား ခဲ့သည်။
ရဲတပ်ဖွဲမှ လူစုခွဲရန်သတ်မှတ်ထားသည့် အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး၊ ခရိုင်ဦးစီးမှူး ဦးအောင်ခင်မှ အလုပ်သမားများ တောင်းဆိုသည့်အချက်များအား သက်ဆိုင်ရာနှင့် ညှိနှိုင်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အလုပ်ရှင်ဘက်မှ ခုံရုံး၏ ဆုံးဖြတ်ချက်များအား လိုက်နာခြင်းမရှိပါက တရာစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလုပ်သမားများအား လူစုခွဲရန်ပြောကြားခဲ့ရာ အလုပ်သမားများမှ လူစုခွဲပြီး မရမ်းကုန်း မြို့နယ်ရှိ အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးသွား သွားရောက်တောင်း ဆိုမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့လမ်းလျှောက်ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းစွာ စီတန်းလမ်း လျှောက်ခြင်း မပြုလုပ် ရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တားမြစ်ခဲ့သော်လည်း အလုပ်သမား များ က ဆက်လက်၍ လမ်းလျှောက်ခဲ့ပြီး မရမ်းကုန်းမြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး သို့သွားရောက် ခဲ့ကြသည်။
အလုပ်သမားများသည် မရမ်းကုန်း အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး ရှေ့တွင် ဒီဇင်ဘာလ ၄ရက်နေ့ ညနေပိုင်းအထိ ဆက်လက်တောင်းဆိုမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
 
ခုံသမာဓိရုံးမှ အလုပ်သမားများအား အနိုင်ပေးလိုက်သည့် ဆုံးဖြတ်ချက်များမှာ(၁) စက်ရုံတွင် ရှိသော အလုပ်သမားများအား အပြင်ဆိုဒ်သို့ မပို့ရန်(၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်းချက်များ မထုတ်ပြန် ရန်(၃) ECစာချုပ် အမြန်ဆုံး ချုပ်ဆိုပေးရန် (၄)လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေး ရန် စသည့် အချက်များ ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်