ဖာပွန်၊ ဖေဖော်ဝါရီလ ၁၁။
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကဒိုင်တိ ကျေးရွာအနီး ရှမ်းရွာ လမ်းကုန်းဆင်းအနီးတွင် BGF၁၀၁၃ နယ်ခြားစောင့် တပ်ရင်းမှ တပ်ရင်းတည် ဆောက်ရေး အတွက် သဲတင်သော ကားအား ယနေ့ ဖေဖေါ်ဝါ ရီလ ၁၁ရက် နံနက် ၆နာရီခွဲ အချိန်ခန့် တွင်ကားမိုင်းကွဲ၍ ယာဉ်မောင်းအပါအ၀င် (၃)ဦးသေဆုံးပြီး(၂)ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း အတူး အသက်(၄၅)နှစ် ဖားပွန်၊ ရန်နိုင်ဦး(ခ)ချာတိတ် အသက်(၁၄)နှစ် ကဒိုင်တိ ကျေးရွာ၊ အမည် မသိ လူငယ် တစ်ဦး စုစုပေါင်း (၃)ဦး တို့မှာ နေရာ တွင် ပွဲချင်းပြီး သေဆုံးပြီး မောင်နိုင် ခေါ် ကြက်ဖ အသက်(၁၄)နှစ်မှာ ဒဏ်ရာ မပြင်းထန် သည့် အတွက်ဟု ဆိုကာ ကဒိုင်တိဆေးရုံး
တွင်သာ ကုသနေမှု ခံယူနေစဉ် ယနေ့နံနက်(၁၁း၀၀)ခန့်တွင် သေဆုံး သွားပြီး ကဒိုင်တိကျေးရွာမှ အသက်(၁၂) နှစ်ရှိ ဒေါ်နီသန်း၏ သားမှာလည်း စိုးရိမ်ရ အတွင်း လူနာ အဖြင့် ကမမောင်းဆေးရုံတွင် ကုသခံနေ ရကြောင်း ဒေသခံအမာခံတစ်ဦးက ပြောကြားသည်။
လုံခြုံရေး တာဝန် ယူထားသော တပ်မတော်၊ BGF တပ်ရင်း၊ ရဲစခန်းများသို့ ဖြစ်စဉ် အသေးစိပ်အား စုံစမ်း မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
ဇွဲကပင်မောင်မောင် (ဘားအံ)
Time in Rangoon

0 comments:
Post a Comment