Friday, December 07, 2012

ကံလှရွာအနီး ရေအေးချောင်းတံတား ကေအိုင်အေမှမိုင်းခွဲဖျက်ဆီး

Posted by drmyochit Friday, December 07, 2012, under | No comments



တနိုင်း ဒီဇင်ဘာ ၆ ရက်

မနေ့ညနေ၅နာရီလောက်မှာ မြစ်ကြီးနား တနိုင်းလမ်းပေါ်မှာရှိတဲ့ ကံလှရွာအထွက်က ရေအေးချောင်း တံတား မိုင်း တစ်လုံးပေါက်ကွဲခဲ့လို့ တံတားလက်ဝဲဘက်ခြမ်း ၃ပေကျော်ကျော်လောက်ပျက် ထွက်သွား ပါတယ်။ ညာဘက်ခြမ်းမှာတော့ မပေါက်ဘဲနဲ့ကျန်သေးတဲ့ မိုင်းတစ်လုံးရရှိတယ်လို့ အစိုးရတပ်တွေက ပြောပါတယ်။ အဲဒီ တံတားဟာ မြစ်ကြီးနား တနိုင်း လမ်းပေါ်က အဓိက တံတားလည်းဖြစ်ပါတယ်။ 


အခုလိုလုပ်တာ ကေအိုင်အေက အစိုးရတပ်ကို လုပ်တယ်လို့ ဆိုပေမယ့် အဓိက လမ်းပန်းဆက်သွယ် ရေး ခက်ခဲသွားတာက ကချင်ပြည်သူတွေသွားလာရခက်ခဲမှာပါ။ တံတားကို ဒီကောင်တွေက လုံးဝပျက်စီး အောင်လုပ်တာပါဘဲ တစ်လုံးဘဲပေါက်ကွဲတာ ကျန်တဲ့တစ်လုံးက အစိုးရတပ်တွေကသိသိချင်းဖြုတ်လိုက်လို့ တံတားလုံးဝမပျက်စီးတာပါ။ ပျက်စီး သွားတဲ့ နေရာကို ယာဉ်သွာလို့ရအောင် အစိုးရတပ်က လူတွေနဲ့ ရွာ လူတွေတော့ ၀ိုင်းပြီးပြင်ဆင်ခဲ့ပေမယ့် တံတားကို လုံးဝကောင်းအောင်ပြင်ဆင်နိုင်ခြင်းမရှိဘဲ ဖြတ်သန်းသွား နိုင်ယုံလောက်သာသွားနိုင်တယ်လို့ ကံလှရွာသား တစ်ဦးကပြောသည်။

From: Kachin Daily News


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်