Friday, December 07, 2012

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ၂ ဦးနှုန်းသေဆုံး

Posted by drmyochit Friday, December 07, 2012, under | No comments



 မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် တစ်နာရီတွင် လူ၂ဦးနုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေ အနေမှ သုည အခြေ အနေသို့ ကျဆင်းအောင် ပြုလုပ်မည် ဖြစ်ကြောင်း လူထုအခြေပြုကွန်ရက်(၇)ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့ အေအိုင်ဒီအက် နေ့အထိမ်း အမှတ် အခမ်း အနားတွင် မြန်မာနိုင်ငံအိတ်(ခ်ျ)အိုင်ဗွီ ပိုးရှိသူများကွန်ရက်မှ  ဒေါ်ခိုင်မာဆွေက ပြောကြားခဲ့သည်။ 

                               
မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုးရှိသူများ၏ ၃၀ရာခိုင်နုန်း သည် ရပ်ရွာကျေးရွာကိစ္စများတွင် ပါဝင်ခွင့်မရရှိခြင်းများ၊ ၁၅ရာခိုင်နုန်းသည် မိသားစုများ၏ အခန်းကဏ္ဍတွင် ပါဝင် ပတ်သက်ခွင့်မရရှိခြင်းများနှင့် ၄၁ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန်ခံရခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံခံရမှုများကြောင့် အိတ်(ခ်ျ)အိုင်ဗွီရော ဂါခံစားနေရသူများသည် ကိုယ့်ကို ကိုယ်သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရ ကြောင်း သိရှိရသည်။   

''ခွဲခြားဆက်ဆံမှုတွေ ရှိနေသ၍ ကာကွယ်တားဆီးရေးနဲ့ ကု သရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။သူတို့ကိုယ်သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိကြောင်း ဖွင့်မပြောရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေး တွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီးလုပ်နိုင်အောင်လို့ ခွဲခြားဆက်ဆံမှုတွေမရှိဖို့လိုအပ်ပါတယ်'' ဟု ဒေါ်ခိုင်မာဆွေက ဆက်လက် ပြောကြားခဲ့သည်။      
                       
နှစ်စဉ် အသက်၁၅နှစ် နှင့်အထက် လူပေါင်း၈၀၀၀ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပညာရှင်များက ခန့်မှန်းကြသည်ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီးသူပေါင်း ၂၀ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင် ဗွီ၊အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူ များ အချင်းချင်းဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူများ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။


Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်