Sunday, June 15, 2014

ရှမ်းမြောက်တွင် ဆက်ကြေးကောက်နေသော SSPP/SSAတပ်ဖွဲ့ဝင် (၂)ဦး ဖမ်းမိ

Posted by drmyochit Sunday, June 15, 2014, under | No comments

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ပြည်ထောင်စု လမ်းမကြီးမြောက်ဘက် ကျေးရွာများတွင် ဆက်ကြေးကောက် နေသော SSPP/SSA တပ်ဖွဲ့ဝင် (၂)ဦးအား ဇွန်(၁၃)ရက်နေ့တွင် နယ်မြေခံတပ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ပြည်ထောင်စု လမ်းမကြီးမြောက် ဘက် နောင်ပစ်ရွာနှင့် ပန်မလွတ်ရွာကြားတွင် ဆက်ကြေးကောက်သော SSPP/SSA အဖွဲ့ဝင်များ သွားလာနေသည်ဟု ဒေသခံရွာသားများ၏ လာရောက်သတင်းပေးချက်အရ နယ်မြေခံအစိုးရ တပ်မှ ညနေ(၅)နာရီခန့်တွင် ၄င်းရွာနှစ်ရွာကြား၌ ယင်းတပ်ဖွဲ့ဝင် (၂)ဦးအားစောင့်ဆိုင်း ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေခံတပ် မှ အရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသော SSPP/SSA တပ်ဖွဲ့ဝင်(၂)ဦးမှာ တပ်သားအဆင့်ရှိ သူများဖြစ်ကြသော ကောလိယ(၄၀)နှစ်၊ ရှမ်း/ဗုဒ္ဓ ပန်မလွတ်ကျေးရွာ၊ နောင်ချိုမြို့နယ်နှင့် ထွန်းရွှေ(၂၃)နှစ်၊ တရုတ်/ဗုဒ္ဓ၊မင်းကုန်းကျေးရွာ၊ ကျောက်မဲမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

`` သတင်းရတာကြာပါပြီ၊ ရွာသားတွေလည်းကြောက်တော့ ဆက်ကြေးပေးနေရပေမယ့်လာမတိုင်ရဲကြဘူး၊ ဒီရက်ပိုင်းမှာ ဆက်ကြေးကောက်မယ့်အဖွဲ့ လာတယ်ဆိုပြီး သတင်းရတာကြောင့် ပန်မလွတ်နဲ့ နောင်ပစ်ရွာကြားမှာ စောင့်ပြီးဖမ်းခဲ့တာ ပါ´´ ဟု နယ်မြေခံတပ်မှ တပ်ရင်းမှူးကပြောသည်။

အဆိုပါဖမ်းဆီးရမိသူ (၂)ဦးမှာ SSPP/SSAအဖွဲ့က ဟု ၀န်ခံထွက်ဆို ထားပြီးဖြစ်၍ SSPP/SSA ထိပ်ပိုင်းခေါင်းဆောင် များအနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီမှုယူပြီး နောက်ကွယ်တွင် ယခုလိုဆက်ကြေး ကောက်ခံနေမှုများအတွက်ထိ ရောက်စွာဖြေရှင်းပေးရန် လိုအပ်ကြောင်း နောင်ချိုမြို့နယ် လွှတ်တော်အမတ်တစ်ဦးက ဆိုသည်။

`` ဒီနယ်မြေတွေမှာ ဆက်ကြေးကောက်တာ ရပိုင်ခွင့်တစ်ခုလိုဖြစ်နေပါပြီ၊ SSPP/SSAအဖွဲ့က လာကောက် တာအကြိမ် ပေါင်းမရေတွက်နိုင်တော့ပါဘူး၊ အခုမှသာ နယ်မြေခံတပ်ရင်းက ဖမ်းမိလို့ ဆက်ကြေးကောက်တာပေါ်တာပါ၊ သူတို့ခေါင်း ဆောင်ပိုင်းက ဘယ်တော့မှ ၀န်မခံပါဘူး၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် သဘောတူညီမှုတွေကို လေးလေးစားစား လိုက်နာဖို့တော့ လိုတာပေါ့´´ဟု ၄င်းက ပြောကြား သွားသည်။

Credit To  စိုင်းမင်းလတ်‬(နောင်ချို)
Shan News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်