Sunday, June 15, 2014

အီတလီကမ်းခြေစောင့်တပ်ဖွဲ့ ဆီရီးယားကနေ ပြောင်းရွှေ့အခြေချရန် ကြိုးစားသူ ၂၈၁ ဦးကို ကယ်တင်

Posted by drmyochit Sunday, June 15, 2014, under | No comments

အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ ဇွန်လ ၁၄ ရက်နေ့မှာ ဆီရီးယားကနေ ပြောင်းရွှေ့အခြေချဖို့ ကြိုးစား သူ ၂၈၁ ယောက်ကို ပင်လယ်ပြင်မှာ ကယ်တင်နိုင်တယ်ပါတယ်။ ပြောင်းရွှေ့ အခြေချသူတွေဟာ မီတာ ၂၀ ရှည်တဲ့ ငါးဖမ်းလှေကို စီးပြီး အီတလီ ကမ်းခြေဆီကို ဦးတည်ပြီး သွားနေတာကို တွေ့ရှိခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။

italyအဖွဲ့ထဲမှာ ကလေးငယ် ၉၃ ယောက်ပါဝင်ပြီး အမျိုးသမီး ၆ ယောက် ပါဝင်တယ်။ တချို့က ကျန်းမာရေး ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ သူတို့ကို ကမ်းခြေစောင့်တပ် သင်္ဘောပေါ်ကို တင်ဆောင်ပြီး ရတ်ဂျီယို ကာလာဘရီယာ ဒေသက ကမ်းခြေက ဆိပ်ကမ်းဆီကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက် မတိုင်ခင်မျာလည်း ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူ ၁၀ ယောက်ဟာ လစ်ဗျား ကမ်းလွန်ဒေသမှာ သူတို့ စီးလာတဲ့ လှေမှောက်ပြီး နစ်မြှုပ်ခဲ့သေးတယ်လို့ အီတလီ ရေတပ်က ဆိုပါတယ်။

ဒီနှစ်အတွင်း မြောက်အာဖရိက ဒေသကနေ အီတလီကိုသွားဖို့ ကြိုးစားသူ အနည်းဆုံး ၅ သောင်း ရှိပြီ ဖြစ်ပြီး ၂၀၁၃ တနှစ်လုံးမှာ ၄ သောင်းအထိပဲ ရှိခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့် တပ်ဖွဲ့တွေက ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ အာရတ်နွေဦး အုံကြွမှုတွေဖြစ်ပြီး နယ်စပ်ထိန်းချုပ်မှုတွေ လျှော့ရဲလာတဲ့ အချိန်ကစလို့ မြောက်အာဖရိကဒေသက ပြည်သူတွေဟာ ဒီလိုပဲ ရေကြောင်းအသုံးပြုပြီး နိုင်ငံကို စွန့်ခွာနေကြတာဖြစ်ပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်