Wednesday, January 30, 2013

မြန်မာအစိုးရက SE-ME-WE-5 အတွက် ကန်သန်း ၄၀ ၀န်းကျင် အကုန်ခံမည်

Posted by drmyochit Wednesday, January 30, 2013, under | No comments

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက်ဆက်ကြောင်းလိုင်းသစ် တစ်ခုဖြစ်သည့် SE-ME-WE-5 တည်ဆောက်မှုလုပ်ငန်းများအတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၃၅ သန်း ကနေ သန်း ၄၀ ကြား ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

“ဒီလိုတည်ဆောက်ရာမှာတော့ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို အရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပြီး SE-ME-WE-5 ဆက်ကြောင်းကို မူဆယ်မှ ချောင်းသာအထိ သွယ်တန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။” မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်း ဖိုက်ဘာဆက်ကြောင်း အသစ်တည်ဆောက်ရန် စီစဉ်ရခြင်းမှာ လက်ရှိ အသုံးပြုနေသည် Se-ME-WE-3 သက်တမ်းမှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် အင်တာနက် လိုင်းဆွဲအားကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

အင်တာနက်မြန်နှုန်းတိုးတက်မြန်ဆန်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အင်တာနက် ဆက်ကြောင်း အသစ် Sea-Me-We 5 ပြီးပါက အင်တာနက်သုံးစွဲမှု ပိုကောင်းမွန်လာမည်ဖြစ်ကြောင်း အိုင်တီ ပညာရှင်များက ဆိုသည်။

လက်ရှိ သုံးစွဲနေသော Sea-Me-We 3 ဆက်ကြောင်းမှာ မြန်မာနိုင်ငံအတွင်းသို့ ဖျာပုံမြို့မှ ၁၁၄၃ ကီလိုမီ တာ အကွာတွင် ချိတ်ဆက်ထားခြင်းဖြစ်ပြီး၊ Sea-Me-We 5 မှာ ငွေဆောင်ဘက်မှ ဝင်ရောက်မည် ဖြစ် သည်။

အဆိုပါ se me we 5 အင်တာနက်ဆက်ကြောင်းသစ်နှင့် ချိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံမှ ကမကထ ပြုလုပ် သွား မည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက် အသုံးပြုသွား မည်ဖြစ် သည်။

လက်ရှိ se me we 3 အင်တာနက်ဆက်ကြောင်းဖြင့် နိုင်ငံပေါင်း ၃၄ နိုင်ငံ အသုံးပြုလျက်ရှိပြီး se me we 3 ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀ ၀န်းကျင်ဖြစ်ပြီး၊ ယခုအခါလက်ရှိအသုံးပြုနေသည့်ကာလမှာ နှစ် ၂၀ ကျော်လာပြီဖြစ်၍ အင်တာနက်ဆက်ကြောင်းလိုင်း အသစ်ဖြင့် ချိတ်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ ဆက်ကြောင်း တည်ဆောက်ရန်အတွက် ပြည်ပ ကုမ္ပဏီတစ်ခု ဖြစ်သည့် China Uniconနှင့် သဘောတူ စာချုပ်အား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည်။



ဉာဏ်ဉာဏ်(မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်