Wednesday, January 30, 2013

အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာ များသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်

Posted by drmyochit Wednesday, January 30, 2013, under | No comments



အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာ များသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

"စစ်ဆေးတွေ့ရှိချက် အသေးစိတ်ကို ၀န်ကြီးရုံးကို တင်ပြထားပါတယ်။ ဒီရလဒ်ကို မီဒီယာရှင်းလင်းပွဲ လုပ်ပြီး မီဒီယာကို အသိပေးဖို့ပါ တစ်ခါတည်း တင်ပြထားပါတယ်။ ခုတော့ပြောပြလို့ မရသေးပါဘူး" ဟု ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

အဲပုဂံ လေယာဉ်ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box အား သြစတျေးလျနိုင်ငံ၊ ကင်ဘာရာ မြို့တွင် ဇန်န၀ါရီလ ၁၈ ရက်နေ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေး ခဲ့ခြင်း ဖြစ်ကာ၊ ဇန်န၀ါရီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဟဲဟိုးလေ ဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင် ပါဝင်သည့် ဧည့်လမ်းညွှန် အမျိုး သမီးတစ်ဦးနှင့် မြေပြင်ရှိ ဆိုင်ကယ်မောင်းသူ တစ်ဦးတို့ သေဆုံးခဲ့သည်။

အဆိုပါ လေယာဉ်တွင် ပါဝင်သည့် Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်း) အား စစ်ဆေးရန် အထူး စုံစမ်း စစ်ဆေးရေး ကော်မရှင်အား ဖွဲ့စည်းခဲ့ပြီး၊ Black Box နှင့် ပတ်သက်သည့် အချက်အလက်များအား အဆိုပါ ကော်မရှင်မှသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဲပုဂံ လေကြောင်းလိုင်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးထူး သက်ထွေးက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်