Thursday, January 31, 2013

ကိုရီးယားသမတ္တ၊ ရွေးကောက်ခံသမတ္တတို့နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Posted by drmyochit Thursday, January 31, 2013, under | No comments


တနင်္လာနေ့က ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်း ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏၅ရက်တာခရီးစဉ်အတွင်း၌ လက်ရှိသမ္မတ လီမြွန်ဘက်၊ ရွေးကောက်ခံသမ္မတ ပက်ဂယွန်ဟဲ တို့နှင့် အင်္ဂါနေ့က တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုရီယားသမ္မတနိုင်ငံသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ပြီး ပြုံချန်းမြို့၌ကျင်းပနေသော၂၀၁၃ မသန်မစွမ်းအိုလံပစ်ပွဲ ဖွင့်ပွဲသို့လည်းတတ်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတလီမြွန်ဘက်တို့သည် ပညာရေး၊စီးပွားရေး ဖွံ့ပြိုး တိုးတတ်မှု ကဏ္ဍများ တွင် ပူးပေါင်းဆောင် ရွက်ရန် ဆွေးနွေး ခဲ့ကြ သည်ဟု သမ္မတ၏ပြောရေး ဆိုခွင့် ရှိသူ ကပြောကြား ခဲ့သည်။

ဆက်လက်၍ ရွေးကောက်ခံ အမျိုးသမီး သမ္မတ ပက်ဂယွန် ဟဲနှင့်တွေ့ ဆုံရာတွင် ကမ္ဘာနှင့် အဝှမ်း ဒီမိုကရေစီ ထွန်းကားရေး၊ စီးပွားတိုးတတ်ရေးတို့ကို လက်တွဲလုပ်ဆောင်ရန် သဘောတူ ညီခဲ့ကြကြောင်း သိရသည်။

News Watch

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်