Thursday, January 31, 2013

သစ်လုံးတင်ယာဉ်များအား KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်နှောင့်ယှက်


မန်စီ ဇန်န၀ါရီ ၃၀ 

ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ တစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA အဖွဲ့ တို့ သဘော တူညီမှုဖြင့် သစ်ကွ က်ထုတ်လုပ်ရောင်း ချနေတဲ့ ကုမ္ပဏီတွေ ဖွင့်လှစ် ထားလျက် ရှိပါသည်။ အဲဒီ ကုမ္ပဏီတွေ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ တရားဝင်သတ်မှတ် ငွေကြေးပေးရတဲ့ အပြင် မော်တော် ယာဉ်မောင်းသူ တွေအနေနဲ့ KIA တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး ဖြတ် သန်း သွားလာ နေကြရ ပါသည်။ တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့် အခုခါ မှာတော့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။

ဒါ့အပြင် ကားလမ်းတွေမှာ မိုင်းတွေထောင်ထားတဲ့အတွက် မဖြစ်မနေသွားနေရတဲ့ မော်တော် ကားတွေ မကြာမဏ မိုင်းနင်းမိပြီးလူနဲ့ပစ္စည်း ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ လမ်းကြောင်းသိပြီး ကျွမ်းကျင်တဲ့ ယာဉ်မောင်း တွေအတွက် အခက် အခဲ မရှိပေမယ့် တရုတ်နိုင်ငံသား ယာဉ်မောင်းတွေ အတွက်တော့ စိုးရိမ် ဖွယ်ရာ အခြေအနေ ပဲဖြစ်နေပါတယ်။ တရုတ်ကုမ္ပဏီတွေဘက်ကလည်း ငွေကြေးကို အဓိကထား ရှာဖွေနေ ရ သလို KIA ဘက်က လည်း စစ်တပ်တွေ အယောင်ဆောင် ၀င်လာမှာကို ကြောက်လန့်နေ ပါတယ်။ KIA တပ်တွေ အတွက်ကျဆုံးမှုတွေ များပြားနေပြီး ထွက်ပြေး သူတွေများ နေတာကြောင့် အရင် ကလို လမ်းကြောင်းတွေမှာ ငွေကြေးတောင်းခံတာတွေ လုပ်ချိန်မရဘူး ဖြစ်နေကြောင်းသိရှိရသည်။ 

စစ်ပွဲတွေဖြစ်နေတဲ့ကာလမှာ သူ့လူ ကိုယ်လူ့ မခွဲခြားနိုင်တော့ဘဲ လမ်းကြောင်းတွေမှာ မိုင်းထောင်ဖို့နဲ့ တံတားတွေဖောက် ခွဲဖျက်ဆီးဖို့ KIA ဗဟိုဌာနချုပ်ရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေကြရ ပါတယ်။ တံတားတွေ ဖျက်ထားမှ စစ်တပ်တွေမလာနိုင်မှာဆိုတဲ့အမြင်နဲ့ ဖျက်ဆီးနေပေမယ့် တကယ် ဒုက္ခရောက်နေ တာကတော့ KIA တပ်ဖွဲ့ဝင်များနှင့် ဒေသခံနေထိုင်သူတွေပဲဖြစ်ပါသည်။ အရင်တုန်းက သစ်ကားတွေဖြတ်မောင်း လာတာတွေ့ရင် KIA တပ်သားတွေအတွက် ငွေကြေးနဲ့စားစရာတွေ ချပေးခဲ့လို့ သစ်ကားတွေအလာကိုမျှော်နေခဲ့ရကြောင်း သိရှိရပါသည်။ အခု ခါမှာတော့ ပေါ်လာမဲ့ သစ်ကားတွေ အတွက် စိတ်မကောင်းစရာတွေ့ကြုံရမှာကိုတွေးပြီး KIA တပ်ဖွဲ့ဝင်များစိတ် မကောင်းဖြစ်နေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်