ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်များ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး မိုးကောင်းမြို့နယ် တွင်း တိုက်ပွဲ များကြောင့် ဇန်န ၀ါရီလ(၂၉)ရက်နေ့ ည(၈း၀၀)ခန့်က ဒေသခံပြည် သူနှစ်ဦးသေ ဆုံးကာ သုံးဦး ဒဏ်ရာရ ရှိခဲ့သည်။
“အမြှောက်သံ (၇)ချက်၊ (၈)ချက်လောက် ကြားခဲ့ရတယ်။ အဲဒီအိမ်ကို ထိသွားတာ သူတို့ မိသားစု တွေလေ။ မိန်းမနဲ့ ကလေးက သေသွားပြီး ဦးဂန်မော်အောင်နူးကိုတော့ မြစ်ကြီးနားဆေးရုံမှာ ဆေးကု နေပါတယ်”ဟု မယန်းကျေးရွာမှဒေသခံ တစ်ဦးက ပြောသည်။
မိုးကောင်းမြို့နယ် မယန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးသေဆုံးသူနှစ်ဦးမှာ အမျိုးသမီး ဒေါ်လဘရန်နန် ဘူ (ခ) လဘရန်လုနှင့်သူမ၏သားဖြစ်သူ အသက် (၉)နှစ်အရွယ် မောင်ဂျန်မော်ဂမ်တို့ ဖြစ်သည်။
ဒဏ်ရာရှိခဲ့သူမှာ အသက်(၉၅)အရွယ်ရှိ ဦးလဒွဲမှာလည်း တင်ပါး၌ ဒဏ်ရာ ရရှိကာ အသက် အန္တရာယ် စိုးရိမ် ရကြောင်းနှင့် အသက်(၁)နှစ် ၁လအရွယ်ရှိ မောင်လဆန် ၏ခြေဖ၀ါးများ ထိခိုက်ဒဏ်ရာရခဲ့သလို၊ ဦးဂမ်မော်အောင်နှုးမှာ ခြေလက်များ မရှိတော့ကြောင်း ဆေးရုံသို့ လူနာသွားမေးခဲ့သူ မယန်းရွာသားက ဆိုသည်။
မြန်မာ အစိုးရတပ်မှ မယန်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့်သေဆုံးသူနှင့် ဒဏ်ရာရှိသူတို့၏ အိမ်သို့ ထိမှန်ကာ ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတို့က ဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ယခင်ကလည်း သေဆုံးသူနှင့်ဒဏ်ရာရရှိသူ တိုးလာပြီး စစ်ဘေးသင့် ဒုက္ခသည် ဦးရေမှာလည်းတိုးပွားလျက်ရှိကြောင်း သိရှိရသည်။
ထွန်းနေအောင် (မြစ်မခ)
Time in Rangoon


0 comments:
Post a Comment