Thursday, January 31, 2013

တစ်ဖက်နှင့်တစ်ဖက်အပြစ်ပုံနေသည့်အတွက် ငြိမ်းချမ်းရေးက အလှမ်းဝေးနေခြင်းဖြစ်



 မြန်မာ အစိုးရ တပ်မတော်နှင့်  KIA,KIO  တို့ကြားဖြစ် ပွားလျက် ရှိသော တိုက်ပွဲများ လက်ရှိ အနေ အထား အရ ပိုမိုပြင်းထန် လာပြီး   ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေလျက် ရှိကာ ယင်းသို့ငြိမ်းချမ်းရေး အလှမ်း ဝေးနေ ရခြင်းမှာလည်း တစ်ယောက် နှင့်တစ်ယောက် တစ်ဖက်နှင့်တစ် ဖက်ကြား ခွင့်မ လွှတ်နိုင်ကြပဲ အပြန်  အလှန် အပြစ်ပုံနေကြသည့် အတွက်    ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်  ၌ ကချင် တိုက်ပွဲ အရေး အရေးကြီး    အဆိုတင်သွင်းခဲ့သူ ဒေါ်ဒွဲဘူက   Hot News သို့ပြောသည်။


““ကျွန်မ ဒီကိစ္စကိုအရေးကြီး   အဆိုအနေနဲ့လွှတ်တော်မှာလည်း တင်ပြခဲ့ပြီးပါပြီ စစ်ပွဲတွေကတော့  အရှိန်တော်တော်ပြင်း လာတယ်။ ဒီလိုတိုက်ခိုက်မှုတွေဖြစ်နေသမျှ   ပြည်သူပဲနစ်နာတာ နောက်ဒေသ ခံပြည် သူတွေဆို အိုးစွန့်အိမ်စွန့် ပြီး နေနေရရှာတာ ဒါတွေနဲ့အဓိ  ကအကြောင်းရင်းက တစ်ယောက်  နဲ့တစ်ယောက် ခွင့်မလွှတ်နိုင်ကြလို့ နားလည်မှုမရှိလို့ ပြောရရင် တစ် ဖက်နဲ့တစ်ဖက်အပြစ် ပုံချနေကြ လို့ပဲ ဒီလိုအဖြေ မရှာပဲ တစ်ဖက် နဲ့တစ်ဖက်အပြစ်ပြော၊အပြစ်ပုံချ   နေတာတွေက ငြိမ်းချမ်းရေးကို ဝေးသထက်ဝေး သွားစေတာပါ။ နှစ်ဖက်လုံးအပစ်အခတ်ရပ်ရင် ဘယ်သူ့အကျိုးရှိမလဲ အားလုံး အတွက် အကျိုး ရှိမယ်။ပြည်သူ တွေလည်း အေးချမ်းစွာနေထိုင်  နိုင်မယ်””ဟု ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဒေါ်ဒွဲဘူက ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လ  မှစ၍ ဖြစ်ပွားလာခဲ့သော  KIA,KIO နှင့်အစိုးရတပ်မတော် ကြား တိုက်ပွဲ များသည် တစ်နေ့ တစ်ခြားအရှိန်ပြင်းထန်လာခဲ့ပြီး     ယင်းကြောင့် နှစ်ဖက် သေကြေ ပျက်စီးမှုများ များပြား ခဲ့ပြီး ဒေသခံ   ပြည်သူများအနေဖြင့်လည်း အိုး စွန့်၊အိမ်စွန့်ကာ နေနေရလျက်ရှိ ကာ နိုင်ငံတစ် ၀ှမ်း လုံး ရှိ ပြည်သူ  များအနေဖြင့်လည်း ယင်းသို့ မငြိမ်သက်မှုများကြောင့် စိုးရိမ်  မကင်းဖြစ် လျက်ရှိနေကြသည်။



ခန့်ခန်(ဒဿနိက)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်