Thursday, January 31, 2013

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေး အပ်ရေးနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို နာယက က တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာဖြစ်သည့် ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ နည်းဥပဒေအရ သတ်မှတ်ထားသော အရည် အချင်း များနှင့် မကိုက်ညီကြောင်း သက်သေအထောက်အထားဖြင့် ကန့်ကွက် တင်ပြရန် ဖြစ်ပြီး ကန့်ကွက် ချက်တစ် စုံတစ်ရ မရရှိသည့် အတွက် နိုင်ငံတော်သမ္မတကြီးက တင်ပြလာသော ဦးဆန်းဆင့်အား သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ကြေညာ ဆုံးဖြတ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်မှ အဆိုပြုတင်ပြရာတွင် ဧရာဝတီ တိုင်းဒေသ ကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်မှ သမ္မတနှင့် ပြည်ထောင်စု နာယက ထံသို့ သဘောထား ဆန္ဒပြုပြီးကောင်းဖြစ်နိုင်ကြောင်း၊ သို့သော် တစ်ချို့ပြည်သူများ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ဥက္ကဋ္ဌ၏ မူလ မဲဆန္ဒရှင်များမှ လွှတ်တော် ဥက္ကဋ္ဌ အနေဖြင့်သာ တာဝန်ယူစေ ချင်ကြကြောင်း၊ တရားဥပဒေစိုးမိုးမှု ပျက်ပြားလာသော ဧရာဝတီတိုင်းတွင် တောင်သူ၊ ပြည်သူ နှင့် ကုမ္ပဏီများကြား ထိပ်တိုက်တွေ့ဆုံးမှု စသည့် ပြသနာပေါင်းများစွာအတွက် ဦးဆန်းဆင့်အား လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့်သာ ရှိနေစေချင်ကြကြောင်း၊ ပြည်သူလူထု၏ သဘောထား ဆန္ဒများအတွက် ဦးဆန်းဆင့်၏ သဘောထားအား နောက်ဆုံးအနေဖြင့် ထပ်မံတင်ပြတောင်းခံသင့်ကြောင်း အဆိုပြု တင်ပြရာ တွင် နာယကမှ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆောင်ရွက် ရခြင်းဖြစ်သည့် အတွက် ပြည်သူလူထု၏ သဘောထားဆန္ဒသည် သမ္မတနှင့် သက်ဆိုင်မည်ဖြစ်ကြောင်း၊ အကယ်၍ သမ္မတမှ ပြန်လည်ရုပ်သိမ်းလျှင် လွှတ်တော်ကိုပြန်လည် တင်ပြရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။

(ပြည်သူ့လွှတ်တော်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်