Thursday, January 31, 2013

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ

Posted by drmyochit Thursday, January 31, 2013, under , | No comments

စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ် တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ်က သေတာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်းသင်လေယာဉ်ကို တစ် ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်းတင်ချဲ့ ကားခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။

အကျိုးဆက်-KIA ဆွဲစေ့ထားတဲ့ ပြည်သူ့စစ်တွေကို စိတ်ဓါတ်အကြီးအကျယ် ကျဆင်းစေပါတယ်။ ဘာမှန်း ညာမှန်းမသိတဲ့ မြန်မာ့တပ်မတော်က လက်နက်ဆန်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီး မသိစိတ်က ကြောက်ရွံ့စေ ခဲ့ပါတယ်။ လေယာဉ်ပျံသံ ကြားရင် ပုန်းဖို့၊ ထွက်ပြေးဖို့ လှုံ့ဆော်မှုတွေ ဖြစ်ပေါ်စေခဲ့ ပါတယ်။

(၂) မြန်မာ့တပ်မတော်က စစ်သည်တွေ ကျဆုံးတာတွေ အများကြီး ရှိပေမယ့်လည်း ထုတ်ပြန်ခြင်း မပြုခဲ့ ပါဘူး။ ထုတ်ပြန်ခဲ့ရင် တိုက်ပွဲဝင်နေကြတဲ့ စစ်သည်တွေကြားမှာ စိတ်ဓါတ်ကျဆင်းမှုတွေ ဖြစ်ပေါ် လာနိုင် ပါတယ်။ လိုအပ်တဲ့ သတင်းလောက်သာ ချပြခဲ့တဲ့အတွက် တိုက်လိုက်စိတ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ တိုက်ပွဲကြီးတွေ ပြင်းပြင်းထန်ထန် ပြီးစီးသွားချိန်မှာ စစ်မြေပြင်အဆင့်တိုးမြှင့်ပေးခြင်းတွေ ဆက်တိုက်ဆောင် ရွက်ပေးခဲ့ပါတယ်။

အကျိုးဆက်-ကျန်တပ်ရင်း-တပ်ဖွဲ့တွေကလည်း အလားတူ တိုက်လိုစိတ်တွေ အထူးပဲ တက်ကြွလာစေ ပါတယ်။ ငါတို့လည်း ဒီလို တိုက်ပြလိုက်မယ် ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြည်တွင်း-ပြည်ပမီဒီယာတွေခေါ်ပြီး စခန်းတွေ၊ ခံစစ်ပြင်ထားတာတွေ ပြပါတယ်။ စစ်ပွဲမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ မလိုပါဘူး။ အတတ်နိုင်ဆုံး လျှို့ဝှက်ထားကြတာမျိုးပါ။ ဒါကိုပဲ အဟုတ်ကြီး မှတ်ပြီး မီဒီယာတွေကို ခေါ်ပြ၊ မီဒီယာတွေက ဓါတ်ပုံတွေ ဗီဒီယိုတွေ အင်တာနက်မှာ မှိုလိုပေါက်အောင်တင်။

အကျိုးဆက်- မြန်မာ့တပ်မတော်က ဘယ်လို ထောက်လှမ်းရေးမှ သုံးစရာမလိုဘဲ အင်တာနက်ကနေ သတင်းတွေ ကောက်စားလုပ်။ ရန်သူ့ခံစစ် ပြင်ဆင်ထားမှု အကုန်လုံးကို ချေးကအစ သိနေမှတော့ ဘယ်လို တိုက်မလဲ၊ ဘယ်နည်းနဲ့တိုက်မလဲ၊ ဘယ်နားကို တိုက်ရမလဲ စတဲ့ စတဲ့ စစ်ဆင်ရေး စီမံချက်တွေကို လွယ်လင့်တကူပါပဲ လုပ်နိုင်ခဲ့ပါတယ်။

သင်ခန်းစာဖော်ထုတ်ချက်-(စစ်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိရန် လုံးဝ မလို)

KIA စစ်ရှုံးခဲ့တာ မီဒီယာတွေကြောင့်လို့ ပြောရင် ပလေတို လွန်မယ် မထင်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်