Thursday, January 31, 2013

ပြည်သူထံ အသိပေး အကြောင်းကြားခြင်း

Posted by drmyochit Thursday, January 31, 2013, under | No comments


၁။ မွေးရာပါ နိုင်ငံသားများအတွက် မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသား စိစစ်ရေးကတ်များအား ဖြေလျှော့ခြင်း များ ပြုလုပ်၍ နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက်ပေးနေပါသည်။

၂။ ၁-၇-၂ဝ၁၁ ရက်နေ့မှစ၍ ၁၅-၁-၂ဝ၁၃ ရက်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပေါင်း ၃ဝ၇၉ဝ၉၄ ထုတ်ပေးပြီး ဖြစ်ပါသည်။


၃။ မိုးပွင့်အဆင့် (၅) အား ၁-၄-၂၀၁၃  ရက်နေ့တွင် ပြန်လည် စတင်မည်ဖြစ်ပြီး နှစ်လကွင်းဆင်း၊ နှစ်လမြို့နယ် ရုံးတွင် ဆောင်ရွက်ပေးမည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားပါမည်။

၎။ သွေးနှောပြည်သူများအတွက် အခြေခံမှတ်တမ်းများဖြင့် တိုက်ဆိုင် စိစစ်ရန်လိုအပ်ချက်အရ မြို့နယ် ရုံးများ တွင်သာ ဆောင်ရွက်ပေးပါသည်။

၅။ နိုင်ငံသား စိစစ်ရေးကတ်အတွက် အများဆုံး ၂၈ ရက် ကတ်အသစ် ပြုလုပ်မှု ခြောက်ကျပ်၊ လဲလှယ်မှု သုံးကျပ်၊ မိတ္တူပြုလုပ်မှု ၁ဝ ကျပ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (နေ့ချင်းပြီး အခမဲ့) ဆောင်ရွက်ပေးနေ ပါသည်။

၆။ ပြည်သူများ ဘက်မှ လိုအပ်ချက်မှာ ဓာတ်ပုံ သုံးပုံ၊ သွေးစစ်ချက်၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ မိဘ နှစ်ပါး၏ ကိုင်ဆောင်လက်မှတ်မိတ္တူ၊ ရဲစခန်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံချက် တို့ဖြစ်ပြီး ၎င်းတို့အတွက် ကုန်ကျ စရိတ်များသည် ဌာနသို့ ပေးသွင်းရခြင်း မဟုတ်ဘဲ ပြင်ပသို့ ပေးချေ ရသည့် ကုန်ကျ စရိတ်များသာဖြစ်၍  ရောထွေးမမှတ်ယူစေလိုပါ။

၇။ နိုင်ငံတကာ အလှူရှင်များ၏ ပူးပေါင်းကူညီမှုဖြင့် ၁၁-၆-၂၀၁၂ ရက်နေ့မှ စ၍ ကရင်ပြည်နယ် တစ်ခုလုံးအတွက် ကိုယ်စီလိုအပ်ချက် အပါအဝင် ကတ်ပြားထုတ်ပေးပြီးသည်အထိ One Stop Service ဖြင့်   (အခမဲ့) ကွင်းဆင်းဆောင်ရွက် ပေးနေပါသည်။

၈။ ၂ဝ၁၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကယားပြည်နယ် ရှစ်မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး ၁၀မြို့နယ်၊  ပဲခူးတိုင်းဒေသကြီး (ကျောက်ကြီးမြို့နယ်၊ MPS၊ စီမံကိန်း ပအိုးဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်နှင့် မြို့နယ်ခွဲ နှစ်ခု၊ မွန်ပြည်နယ် ခုနှစ်မြို့နယ် တို့တွင်လည်း One Stop Service  ဖြင့်  အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးသွားပါမည်။

၉။ ကြားပွဲစားလုံးဝမလို(မလို)ပါ။ ဝိုင်းဝန်းသတင်းပေး ဖော်ထုတ်ပေးစေ လိုပါသည်။

၁ဝ။ အသေးစိတ် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၁။ ကျေနပ်မှုမရှိက နေပြည်တော်ဦးစီး(ရုံးချုပ်) သို့ လူကိုယ်တိုင်ဖြစ်စေ၊ ပြန်လည် ရှင်းလင်းပေး နိုင်ရန် တိုင်ကြား သူ၏ လိပ်စာ အပြည့် အစုံဖြင့် ဖုန်းနံပါတ် ဝ၆၇-၄၃၁ဝ၁၆ နှင့် ဝ၆၇-၄၃၁ဝ၄၄ တို့သို့ ဖြစ်စေ တိုက်ရိုက် တိုင်ကြားနိုင်ပါသည်။ အကြံပြုချက်များကိုလည်း လေးစားစွာ လက်ခံပါမည်။

၁၂။ နိုင်ငံသားဖြစ်မှုသည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ အစိတ် အပိုင်း တစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ အချက်အလက်မပြည့်စုံပါက လိုအပ်သည့်အချိန် ရယူရပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်