Thursday, January 31, 2013

မြန်မာ့မီဒီယာလွတ်လပ်ခွင့် အဆင့် ၁၈ ဆင့် တိုးတက်

Posted by drmyochit Thursday, January 31, 2013, under | No comments

ရန်ကုန်၊ဇန်န၀ါရီ-၃၀

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

၂၀၁၁ ခုနှစ်အတွက် အဆင့်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ၁၇၉ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ်မှာ ယခင်နှစ်ကထက် ၁၈ ဆင့် တိုးလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်ငါးဆယ်နီးပါး ပုံနှိပ်စာအားလုံးကို စာပေစိစစ်ရေးသို့ တင်ပြပြီးမှ ထုတ်ဝေခွင့်ရခဲ့ရာမှ ၂၀၁၂ ခုနှစ် သြဂုတ် ၂၀ တွင် အစိုးရက ပုံနှိပ်စာများကို ကြိုတင်စိစစ် ဖြတ်တောက်ခြင်း လုပ်ငန်းစဉ်များကို စတင်ဖျက်သိမ်းပေးခဲ့သည်။ ကာလရှည်ပိတ်ထားခဲ့သော ၀က်ဘ်ဆိုက်များစွာကိုလည်း ပြန်ဖွင့်ပေးခဲ့သည်။

"မြန်မာနိုင်ငံအစိုးရထောင်တွေထဲမှာ ဖမ်းဆီးထားတဲ့ ဂျာနယ်လစ်တွေ အင်တာနက်ပေါ်တက်ရေးတဲ့သူတွေ မရှိတော့ ပါဘူး"ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းထောက် များသို့ ပြောသည်။

ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းအဆင့်သတ်မှတ်ချက်တွင် တရုတ်နိုင်ငံမှာ ၁၇၃၊ ဗီယက်နမ်မှာ ၁၇၂ ရှိ၍ မြန်မာနိုင်ငံက တရုတ်နှင့် ဗီယက်နမ်တို့ထက် မီဒီယာလွတ်လပ်မှုတွင် အဆင့်ပိုမြင့်သည်။

ညွှန်းကိန်းတွင် မီဒီယာလွတ်လပ်ခွင့်အနည်းဆုံး နိုင်ငံများမှာ အီရီထရီယား အဆင့် ၁၇၉၊ မြောက်ကိုရီးယား ၁၇၈၊ တာ့ခ်မင်နစ္စတန် ၁၇၇၊ ဆီးရီးယား ၁၇၆ တို့ ရပ်တည်နေသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်