Tuesday, January 29, 2013

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

Posted by drmyochit Tuesday, January 29, 2013, under | No comments

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမရဲ့ ဘေးဘက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေးမြေ ကွက် အပိုင်း(၁)၊ (၂)၊ (၃) ကို ၁၉၉၂ ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံ ထားရတဲ့ ဒေသခံ ၅၀၀ ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော် ထုတ်ခဲ့ကြ ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ "ငါတို့မြေ ငါတို့ကို ပြန်ပေး၊ လူ့အခွင့်ရေး တန်းတူပေး၊ ပြည်သူရဲ့အသံ အမှန် နားထောင်ပေး"ဆိုတဲ့ စာတန်းတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဝေဇယန္တာလမ်းနဲ့ ပြည်သာ ယာလမ်းဆုံမှာ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေဆီမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ဆန္ဒပြမယ့် ဝေဇယန္တာ လမ်းမကို ပြုပြင်နေတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ မဖြစ်ပွားအောင် ပြုလုပ်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်