Tuesday, January 29, 2013

ထိုင်းနိုင်ငံသို့ စေလွတ်နေသော လိုင်စင်ရ အေဂျင်စီများမှာ လိုက်နာရမည့် အချက်များနှင့် ကိုက်ညီမှု မရှိပါက အလုပ်သမားများမှလည်း တိုင်ကြားနိုင်ပြီး ယင်းအေဂျင်စီများကို ဥပဒေအရ အရေးယူသွားမည်

Posted by drmyochit Tuesday, January 29, 2013, under | No comments

ထိုင်းနိုင်ငံသို့ စေလွှတ်နေသော လိုင်စင်ရ အေဂျင်စီများမှာ လိုက်နာရမည့် အချက်များနှင့် ကိုက်ညီမှု မရှိ ပါက အလုပ်သမားများမှလည်း တိုင်ကြားနိုင်ပြီး မလိုက်နာသော အေဂျင်စီများကို ဥပဒေအရ အရေး ယူသွား မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် ယာယီအကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ အနေဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့် သူများထံမှ ပြည်တွင်းခရီးစရိတ်၊ စားစရိတ်နှင့် နေထိုင်စရိတ်တို့ ငွေကျပ်တစ်သိန်းထက် ပိုပြီးကောက်ခံခြင်း မပြုရန် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်ဘက်စလုံးအတွက် အလုပ်သမား စေလွှတ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျစရိတ် ဘတ်တစ်သောင်းထက် ပို၍မယူရန် ဖော်ပြထားသည်။

ယာယီအကျိုးဆောင် လိုင်စင်ရ အေဂျင်စီများသည် အလုပ်သမားများ၏ နေထိုင်မှုအား အခမဲ့ စီစဉ်ပေး ရမည် ဖြစ်ပြီး ကော့သောင်းနှင့် တာချီလိတ် မြို့တို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် အလုပ် သမားများအတွက် လေကြောင်း၊ ရေကြောင်း ခရီးစရိတ်အား သတ်မှတ်ထားသည့် ကုန်ကျ စရိတ်အတိုင်းသာ ကောက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရန်အတွက် သတ်မှတ်ထားသော အေဂျင်စီများဖြင့်သာ ဆောင်ရွက် ရမည်ဖြစ်ပြီး ယာယီအကျိုးဆောင် လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် ပွဲစားများနှင့် ဆက်သွယ်ပြီး အလုပ် သမားများ စုဆောင်းခြင်း၊ စေလွှတ်ခြင်းများကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသော လိုင်စင်ရ အေဂျင်စီများအား အလုပ်သမားများမှ တိုင်ကြားနိုင်ပြီး ယင်းအေဂျင်စီများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား နှစ်သန်းခန့်ရှိပြီး တရားဝင်လုပ်ကိုင်သော အလုပ် သမားများမှာ ၁ ဒသမ ၂ သန်းခန့်သာ ရှိနေရာ ကျန်ရှိသော အလုပ်သမားများမှာ တရားမ၀င် သွားရောက် လုပ်ကိုင်နေသော အလုပ်သမားများဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းကို ၃ လ ထပ်မံတိုးမြှင့်၍ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်