Tuesday, January 29, 2013

ရန်ကုန်တိုင်း ဒေသကြီး အဖျောက်မြို့နယ် အတွင်းရှိ ကြွေပန်းကန်ချောင်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသဖြင့် ဒေသခံများအတွက် စားဝတ်နေရေး အဘက်ဘက်တွင် အခက်ကြုံ

Posted by drmyochit Tuesday, January 29, 2013, under | No comments

ကြွေပန်းကန်ချောင်းကျေးရွာရှိ ပြိုကျနေဆဲ မြစ်ကမ်းပါးများအား ဇန်န၀ါရီ ၂၇ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့နယ်အတွင်းရှိ ကြွေပန်းကန်ချောင်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသဖြင့် ဒေသခံများအတွက် စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး အဘက်ဘက်တွင် အခက်ကြုံနေရကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရှိရသည်။

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွာရှိ အိမ်ခြေအလုံး ၁၀၀ နီးပါး ရွှေ့ပြောင်းခဲ့ရကြောင်း၊ မိုးတွင်းကာလတွင် ကမ်းပါးပြိုမှုမှာ ပို၍ဆိုရွားလာပြီး အိမ်ခြေအများစုမှာ ကမ်းပြိုသည့် ဒဏ် အပြင် ရေကြီးမှုဒဏ်ကိုလည်း ခံစားရကြောင်း၊ ထို့ပြင် ကမ်းပြိုမှုမှာ ဆက်လက်ဖြစ်ပေါ် လာနိုင်သဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အကူအညီကို မျော်လင့်ကြောင်းလည်း ကမ်းပြိုနေရာနှင့် ပေငါးဆယ်ခန့် အကွာတွင် နေထိုင်သော ကြွေပန်းကန်ချောင်း ကျေးရွာသူ တစ်ဦးမှ ပြောသည်။


ကြွေပန်းကန်ချောင်းကျေးရွာရှိ ပြိုကျနေဆဲ မြစ်ကမ်းပါးများအား ဇန်န၀ါရီ ၂၇ ရက်က တွေ့ရစဉ်

''ညကတင် နည်းနည်းပြိုသွား သေးတယ်။ မနက်ကတည်းက လာကြည့်နေတာ။ ကိုယ့်အိမ်နဲ့ သိပ်မလှမ်းတော့ဘူး ဆိုတော့လေ။ အိမ်ပြောင်းဖို့က မလွယ်တဲ့အပြင် မြေနေရာ အတွက်လည်း အခက်အခဲတွေ ဖြစ်ရပါဦးမယ် အကူအညီ လိုအပ်တာကတော့ အမှန်ပဲ'' ဟု ၄င်းက ဆက်လက် ပြောပါသည်။

ထို့ပြင် လွန်ခဲ့သည့် ၈ လခန့်က ကမ်းပါးပြိုကျမှုကြောင့် ရွာရှိ စာသင်ကျောင်းကို ပြောင်းရွှေ့ခဲ့ရပြီး၊ ရွာ၏ လက်ရှိတာရိုးမှာလည်း ကမ်းပါးပြိုကျမှုတွင် ပါဝင်သွားခဲ့ကြောင်းလည်း ဒေသခံများထံမှ ဆက်လက်၍ သိရှိရသည်။


ကြွေပန်းကန်ချောင်းကျေးရွာရှိ ပြိုကျနေဆဲ မြစ်ကမ်းပါးများအား ဇန်န၀ါရီ ၂၇ ရက်က တွေ့ရစဉ်

''သားတို့ကျောင်းက ဒီနှစ်ကျောင်းပိတ်ရက် နွေရာသီလောက်က ပြောင်းရတာပေါ့။ အချိန်မရွေး ပြိုကျဖို့က များတယ် ဆိုတော့ ပြောင်းထားတာ အဆင်ပြေမယ်ထင်ပြီး ပြောင်းလိုက်ကြတယ် ထင်ပါတယ်။ လက်ရှိကျောင်း ကတော့ သွားရတာ ဝေးတာပေါ့ဗျာ။'' ဟု အဆိုပါ ကျေးရွာရှိ ဒုတိယတန်းကျောင်းသား တစ်ဦး မှ ပြောသည်။

ယခုကဲ့သို့ မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ရပ်များသည် ဧရာဝတီမြစ်ကြောင်း တစ်လျောက် မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတွင်လည်း ဖြစ်ပေါ်နေပြီး၊ ချင်းတွင်းမြစ်ကြောင်း တစ်လျောက် ရေစကြိုမြို့နယ် အနီးရှိ ကျေးရွာရှစ်ရွာတို့တွင်လည်း ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်