Tuesday, January 29, 2013

တပ်မတော်သား တစ်ဦးမှ တပ်မတော်၏ ဂုဏ်ကို ငြိုးနွမ်းအောင် ပြုလုပ်

Posted by drmyochit Tuesday, January 29, 2013, under , | No comments


ဆိပ်ဖြူ၊ ဇန်န၀ါရီလ ၁၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စု ရွှေဘိုကျွန်းကျေးရွာ တွင် ရေခပ် ရာမှ ပြန်လာသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို က.ပ.စ ၂၂ တပ် (ကာကွယ်ရေးပစ္စည်း ထုတ်လုပ် သည့် စက်ရုံ)မှ ဒုတပ်ကြပ်တစ်ဦးက ရိုက်နှက်၍ အဓမ္မပြုကျင့် သော ဒဏ်ရာများကြောင့် ဇန်န ၀ါရီလ ၁၅ ရက်နေ့တွင် မကွေးမြို့ ပြည်သူ့ဆေးရုံတွင် တင်ပို့ကု သနေစဉ် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်စန်းကြည်က ပြောကြားသည်။


သေဆုံးသူသည် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် က.ပ.စ တပ်စခန်းအနီးရှိ ရေတွင်း၌ ရေခပ်ပြီး အပြန်လမ်းတွင် ဒုတပ်ကြပ် သေလင်းဦးက နှစ်လက်မ x တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ပြီး အဓမ္မပြု ကျင့်ခဲ့ကြောင်း ဒေါ်စန်းကြည်က ပြောဆိုသည်။

ရေခပ်သွားသည့် သမီးမှာ နာရီဝက်ကြာ ပြန်မလာသောကြောင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ ရေခပ်လမ်းတွင် ခန္ဓာကိုယ် အနှံ့ဒဏ်ရာများနှင့် တွေ့ရပြီး သမီးဖြစ်သူ၏ ပြောကြားချက်အရ ဒုတပ်ကြပ် ဝေလင်းဦးက ယင်းကဲ့သို့ ပြုကျင့်ကာ လမ်းတွင်ပစ်ထားခဲ့ ကြောင်း လိုက်လံရှာဖွေရာတွင် ပါဝင်ခဲ့သူ၏ ဦးလေး ဦးဇော်နိုင်က ရှင်းပြသည်။

ဒဏ်ရာများကြောင့် ဆိပ်ဖြူဆေးရုံတွင် တင်ပို့ ကုသရာ မသက်သာသဖဖြင့် မကွေးမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသနေစဉ် ရိုက်နှက်ခံထားရသော ဒဏ်ရာများကြောင့် ၀မ်းဗိုက် တွင်ပြည်တည်ကာ သေဆုံးသွားကြောင်း ဆေးစာ၏ အတည်ပြုချက်ကို ကိုးကား၍ မိသားစုဝင် များက ဆိုသည်။

သေဆုံးသူ မိန်းကလေးမှာ မွေးချင်းမောင်နှမ ၇ နှစ်ဦးတွင် သုံးဦးမြောက် ဖြစ်ပြီး ယင်း တပ်ဝင်း အတွင်းရှိ အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသူ တစ်ဦးလည်းဖြစ် ကြောင်း မိသားစုဝင်များ၏ ပြောကြား ချက်အရသိရသည်။

မိန်းကလေးကို အဓမ္မပြုကျင့်သူဟု သံသယရှိသူ ဒုတပ်ကြပ်ကို ပွင့်ဖြူရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၃၇၆/၃၂၅ ဖြင့် အမှုဖွင့်ထားစဉ် အမျိုးသမီးငယ် သေးဆုံးသွား၍ ပုဒ်မ ၃၇၆/၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

တပ်က စစ်စည်းကမ်း ဖောက်ဖျက်မှု ရှိ၊ မရှိကို စုံစမ်းစစ်ဆေး အရေးယူပြီးမှ ရဲဘက်ကို လွှဲပေးချိန် မှသာ ရဲက လုပ်ထုံးလုပ်နည်းအညီ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ The Voice Weekly က က.ပ.စ ၂၂ တပ်ကို ဆက်သွယ် မေးမြန်းသော် လည်း ဖြေကြားခြင်းမပြုပေ။


The Voice Weekly ၏ janaury 28, February 3, 2013 ရက်နေ့ထုတ် သတင်းစာ အား ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်