Tuesday, January 29, 2013

ငါးယောက်ထက်ပို စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် တားမြစ် အမိန့် ပျက်ပြယ်


၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်အမှတ် ၃/ ၂၀၁၃ဖြင့် ၁၉၈၈ ခုနှစ် စက်တင် ဘာ(၁၈)ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် ၂/ ၈၈ အား ပယ်ဖျက်လိုက်သည်။

အဆိုပါ အမိန့်အမှတ် ၂/ ၈၈ က ည ၈ နာရီ မှ မနက် လေးနာရီအထိ ညမထွက်ရ သတ်မှတ်ပြီး ဆူပူ လှုံ့ဆော် လိုသော ရည်ရွယ်ချက်ဖြင့် ငါးယောက်နှင့် ငါးယောက်အထက် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည်ခြင်း၊ ဟောပြော ခြင်း၊ သပိတ် စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင် သူများကို ဟန့်တားခြင်းများအား တားမြစ် ထားသည့် အမိန့်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းနေစပြုလာသည့် အချိန်၌ မြန်မာပြည်သူများက မိမိတို့မကျေ နပ်ချက် များအား တရာဝင်စာတင်၍ ခွင့်ပြုချက်ဖြင့်သော်လည်းကောင်း၊ ခွင့်ပြုချက်မရပဲနှင့်သော်လည်းကောင်း ဆန္ဒ ထုတ်ဖော် ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတမှ ယခုကဲ့သို့ ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ငါးယောက်နှင့် ငါးယောက်အထက် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည်ခြင်း ၊ ဟောပြောခြင်း၊ သပိတ် စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင်သူများကို ဟန့်တားခြင်းများအား တားမြစ်သည့်အမိန့်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

“မာရှယ်လော ဖျက်လိုက်တာ ကြိုဆိုပါတယ်” ဟု ကမာရွတ်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မာရှယ်လောပယ်ဖျက်ပေးပြီးနောက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မများကိုလည်း ပယ်ဖျက်ပေးသင့်ကြောင်း ပြည်သူများက မျှော်လင့်နေကြသည်။

မြစ်မခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်