Tuesday, January 29, 2013

ပုဒ်မ ၁၄၈/၅၀၆(ဒု)ဖြင့် အရေးယူခံထားရသော ဘင်္ဂလီ(၇)ဦး တရားသေပြန်လွတ်

Posted by drmyochit Tuesday, January 29, 2013, under | No comments


ဇွန်လ (၈)ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံများအား အကြမ်းဖက်ရာတွင်ပါဝင်သည့် အဓိကဦးဆောင်သူ ဘင်္ဂလီ (၇)ဦးကို ဖမ်းဆီးတရားစွဲဆိုထားရာမှ ဇန္န၀ါရီလ၊ (၂၃)ရက်၊ (၂၀၁၃)ခုနှစ်တွင် မောင်တောခရိုင် တရားရုံးမှတရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင် တရားသူကြီး ဦးခင်ဇော်သည် ယင်းတရားခံ ဘင်္ဂလီ(၇)ဦးထံမှ တစ်ဦးကိုလာဘ်ငွေ ကျပ်သိန်း (၄၀)စီယူ၍ တရားသေပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးအသိုင်းအ၀န်းနှင့် နီးစပ်သူ များပြောပြ ချက်အရ သိရှိရသည်။

ယင်းတရားခံ ဘင်္ဂလီ(၇)ဦးမှာ ၁။ မာမက်အလောင်(ဘ)မာမက်ကာလူ(ဘောင်းဇာကျေးရွာ) ၂။ ဆော်လီမူ လာ (ဘ)ဖော် စွာခေါ်ရီ (ရွှေဇား ကျေးရွာ) ၃။ ရောင်ဒူလာ(ဘ)ဖေါ်စွာခေါ်ရီ(ရွှေဇားကျေးရွာ) ၄။ နူရ် ဟာဆောင် (ဘ)နူရ်ဘော်ရှော(ရွှေဇားကျေးရွာ) ၅။ အဘူတာဟက် (ဘ)မူစတာအာ မက်(ရွှေဇားကျေးရွာ) ၆။ အီဆွတ်အာလီ(ဘ)ဂူဒါညာ(ဇင်ဘညာကျေးရွာ) ၇။ ခေါ်လီမူလာ(ဘ) အဘူကာဆင်း (နဘော်ဇားကျေး ရွာ)တို့ဖြစ်ပြီး ၄င်းတို့အား ဥပဒေနှင့်ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သည့် လက်နက် ကိုင်ဆောင်ခြင်း ပုဒ်မ ၁၄၈ နှင့် အသက်အန္တရယ်ကိုခြိမ်းခြောက်ခြင်း ပုဒ်မ (၅၀၆) ဒုတိယပိုင်းဖြင့် တရားစွဲဆို ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်အရေးဥပဒေလေ့လာသူများက ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ငွေများတရားနိုင်သည့် ခေတ်သည် ယနေ့အချိန်ထိ ရှိနေသေးကြောင်း၊ တရားဥပဒေစိုးမိုးရေးကို အကောင် အထည်ဖော်ဆောင် ရွက်နေရာတွင် ထိုသို့သော အကျင့်ပျက်ဝန်ထမ်းများရှိနေသရွေ့ လက်တွေ့အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တရား ဥပဒေ စိုးမိုးရေးကော် မတီအနေဖြင့် ရန်ကုန်တွင်သာမက ခြစား၊ လာဘ်စားမှုများအမှန်တကယ်ဖြစ်ပွားနေသော နယ်စပ်ဒေ သများတွင် ကွင်းဆင်းလေ့လာသင့်ကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့်လည်း လာဘ်စား မှုပပျောက်အောင်စီမံဆောင်ရွက်ရာတွင် ယခုကဲ့သို့ လာဘ်စားပြီး အမှုမှကွင်းလုံးကျွတ် လွတ်ပေးသော တရားသူကြီးများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း၊ သို့မှသာလူထုအနေဖြင့် တရား စီရင်ရေးကို အားကိုးယုံကြည်လေးစားမှုကို ရရှိစေလာနိုင်ပြီး တရားဥပဒေစိုးမိုးရေးအောက်တွင် ငြိမ်းချမ်း စွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

The Arakan Times


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်