From : bbc
မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်စစ်အစိုးရ လက်ထက်မှာ သူဟာ နှစ်ပေါင်း ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ် ကျခံ ခဲ့ရ ပေမယ့်လည်း သူ့အနေနဲ့ မြန်မာ့ တပ်မတော်ကို နှစ်သက် နေဆဲ ဖြစ်တယ်လို့ ဘီဘီစီကို ပြောကြား ပါတယ်။
ယခင် မြန်မာ စစ်တပ်ဟာ တိုင်းပြည် အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ် ခဲ့ပေမယ့်လည်း ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင် ခဲ့တဲ့ တပ်မတော် ဖြစ်တာကြောင့် ယနေ့ တပ်မတော် အနေနဲ့ ပြန်ပြီး အဖတ်ဆယ် လိမ့်မယ်လို့ သူထင်မြင်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။
ဘီဘီစီ ရေဒီယို (၄) ရဲ့ Desert Island Discs အစီ အစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင် ဆန်းစုကြည်က သူ့ဘဝရဲ့ အကြောင်းတွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။
သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံ ခဲ့ရတာ၊ သူ့ခင်ပွန်း ဖြစ်သူ မိုက်ကယ် အဲရစ် မသေခင်မှာ မြန်မာနိုင်ငံ ကို လာဖို့ ပြည်ဝင်ခွင့် ဗီဇာ မရရှိ ခဲ့တဲ့ အကြောင်း တွေကို ပြောကြား သွားတဲ့ ရှားရှား ပါးပါး မေးမြန်း ခန်း တခုလည်း ဖြစ်ခဲ့ပါတယ်။
Myanmar Express
Time in Rangoon
.jpg)

0 comments:
Post a Comment