Monday, January 28, 2013

ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် ပြန်ဆက်သွယ်ရ

Posted by drmyochit Monday, January 28, 2013, under | No comments

ရက်အတန်ငယ် ပျောက်ဆုံးနေခဲ့သော ရက္ခိုင့်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်နှင့် များမကြာမှီက ပြန်လည် ဆက်သွယ် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။


ရက္ခိုင့် တပ်မတော်မှ ပြောခွင့်ရသူ ဗိုလ်မှူး ဒေါက်တာ ညိုထွန်းအောင်မှ ပြန်လည် ဆက်သွယ် ရရှိခြင်းကို အတည်ပြု ပြောကြားသည်။

“ ဒီကနေ့ နံနက်ကဘဲ ပြန်လည် အဆက်အသွယ် ပါတယ်။ လုံခြုံတဲ့ နေရာ ကို ပြန်လည် ရောက်ရှိနေပါပြီ။ အခုလောလောဆယ်တော့ ဒီလောက်ဘဲ အကြမ်းဖျင်းပြောလို့ ရမှာပါ” ဟု ဆိုသည်။

ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်သည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဇန္န၀ါရီလ ၂၅ ရက်နေ့က အပြန် ယူနန်ပြည် နယ် ဟွေ့မြိုင် လေဆိပ်အရောက်တွင် တရုတ်ရဲများ၏ ဖမ်းဆီးထိမ်းသိမ်းခြင်းကို ခံခဲ့ရကြောင်း သူက ဆက်ပြော သည်။

“ တရုတ်ရဲတွေက ဖမ်းဆီးပြီး ခရီးသွားလက်မှတ်တွေကို သိမ်းဆည်းတာတွေ ရှိသလို ဆုတ်ဖြဲ ပစ်တာတွေ လည်း ရှိတယ်လို့ သိရှိရတယ်။ နောက်ပိုင်းမှာ ဒီက လူကြီးတွေ၊ မဟာမိတ်တွေရဲ့ ကူညီ ဆောင်ရွက်ပေး မူကြောင့် အခုတော့ ဘေးကင်းတဲ့ နေရာကို ရောက်ရှိနေပါပြီ” ဟု ဆို သည်။

ဗိုလ်မှူးကြီး ထွန်းမြတ်နိုင် ပြန်လည် လွှတ်မြောက်လာသဖြင့် ကူညီ ဆောင်ရွက်ပေးသူ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင် များ၊ ဖုံးဆက်သွယ်ပြီး မေးမြန်း စုံစမ်းလာသူများ၊ သူ့အတွက် စိုးရိမ်ခဲ့ကြသူများ အားလုံးကို လည်း အထူးကျေးဇူးတင်ရှိကြောင်း ဗိုလ်မှူး ညိုထွန်းအောင် မှ ပြောကြားသည်။

ရက္ခိုင့် တပ်မတော်သည် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) နယ်မြေတွင် အခြေစိုက်ပြီး မျိုးဆက်သစ် ရခိုင် လူငယ်များမှ ဦးဆောင်တည်ဆောက်နေကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် အင်အား ထောင် ဂဏန်းနီးပါး ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

နိရဉ္ဇရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်