Monday, January 28, 2013

မိုင်းခွဲမှုကြောင့် ကမ္ဘာကျော်ကော့ဂွန်းဂူ ဆုံးရှုံးပျောက်ကွယ်နိုင်

Posted by drmyochit Monday, January 28, 2013, under | No comments

ကရင်ပြည်နယ်ရှိ ခုနစ်ရာစုလက်ရာနှင့် ခေတ် အဆက်ဆက် လက်ရာများကြောင့် ကမ္ဘာကျော် ခဲ့သောကော့ဂွန်း ဂူမှာ အနီးဝန်းကျင်ရှိ တောင်များကို မိုင်းခွဲဖြိုချနေမှုကြောင့် လာမည့်နှစ် ၅၀ တွင် ပျောက်ကွယ် သွားနိုင်ကြောင်း ကော့ဂွန်းနှင့် ရသေ့ပျံဂူကို သုတေသနပြုနေသူ ဦးမောင်မောင်ကြည်က ပြောကြား သည်။

"မိုင်းခွဲတဲ့အရှိန်ကြောင့် တောင်တွေကွာကျနေပါတယ်" ဟု ၎င်းကအတည်ပြုပြောဆိုသည်။

ယင်းကော့ဂွန်းဂူမှာ ခုနစ်ရာစုလောက်က ရေးထိုးခဲ့သော မွန်ရှေးဟောင်းနှင့် သက္ကတစာပေနှစ်မျိုးနှင့် ရေးသား ထားသော ကျောက်စာသုံးကြောင်းရှိပြီး ကမ္ဘာကျော်ရှေးဟောင်းစာပေများ ဖတ်ရှုနိုင်မှုတွင် နာမည်ကျော်သော ပြင်သစ်ပညာရှင်များကပင် တစ်စိတ်တစ်ပိုင်းသာ ဘာသာပြန်ဆိုနိုင်သည်ဟု အဆိပါ ဦးမောင်မောင်ကြည်က ဆိုသည်။

ထိုကျောက်စာအရ ထိုဂူသို့ မုတ္တမမြို့စား၏ မိဖုရားက စစ်ရှောင်တိမ်း၍လာရောက်နေခဲ့ကြောင်းနှင့် ဂူအတွင်း အလှုဒါနပေါင်းမြောက်မြားစွာ ပြုလုပ်ခဲ့ကြောင်းရေးသားထားသည်ဟုဆိုသည်။

အဆိုပါ ကမ္ဘာကျော်ဂုသို့ နေ့စဉ် နိုင်ငံခြားခရီးသွားများလာရောက်ကြပြီးအင်းဝခေတ်လက်ရာများ၊ မွန်ရိုးရာ လက်မှု အနု ပညာများ၊ ဂူကပ်အုပ်ခွက်ဘုရားများနှင့် ရှေးဟောင်းအနုပညာလက်ရာဂုဏ်မြောက်သော အရုပ် သုံးရုပ် ရှိသည့်အပြင် သမိုင်းအထောက်အထားများစွာရှိကြောင်းသိရသည်။

ထိုကော့ဂွန်းဂူ၏ အနီးဝန်းကျင်တွင် ကော့ဂွန်းဂူထက် နှစ်အနည်းငယ်နောက်ကျလှသော ရသေ့ပြန် ဂူရှိသ သည့်အပြင်ရသေ့ပြန်ဂူအတွင်းမှာလည်း ရှေးဟောင်းကျောက်စာသုံးကြောင်းရှိ၍ ကော့ဂွန်းဂူနှင့် မတူသော အချက်မှာ ဂူအမြင့်သို့တက်သော အတွင်းလမ်းမှာ နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားကြောင်းသိရှိရသည်။

အဆိုပါ ရသေ့ပျံဂူကို ရသေ့ပျံဆရာတော်မှ ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်သောပြုပြင်မှုများနှင့် ဂူအတွင်း တက်လမ်းများ အဆင်ပြေစေရန် ပြုလုပ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထိုရှေးကျသော ကရင်ပြည်နယ်ရှိ ထုံးကျောက်ဂူများမှာ ကျောက်တောင်များမိုင်းခွဲမှုကြောင့် လှုပ်ရှားတုန် ခါသော အရှိန်ကြောင့် တဖြည်းဖြည်း ပဲ့ကျမှုများရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်