Sunday, October 21, 2012

ငွေကျပ် သိန်း ၅၄ဝ ခိုးယူသူများ နှစ်ရက်အတွင်း ဖမ်းဆီး

Posted by drmyochit Sunday, October 21, 2012, under | No comments


 
တာချီ လိတ်မြို့ မကာ အိုခမ်း ရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်း လမ်းတွင် နေထိုင်သူ ဒေါ်ခင်နီသည် အောက်တိုဘာ ၁၄ရက် နံနက် ၅ နာရီ ခွဲက အိပ်ရာမှ နိုးစဉ် နေအိမ် နောက်ဖေး တံခါး ပွင့်နေ သည်ကို တွေ့ရှိ ရသဖြင့် မသင်္ကာ ဖြစ်ကာ နေအိမ် ရှေ့ခန်းရှိ ကြမ်းပြင် ပေါ်တွင် ချထားသော စက္ကူဖာအတွင်း ထည့်ထားသည့် ငွေကျပ် ၁ဝဝဝဝ တန် လေးအုပ်၊ ငွေကျပ် ၅ဝဝဝ တန် အုပ် ၈ဝ၊ ငွေကျပ် ၁ဝဝဝတန် အုပ်၁ဝဝ စုစုပေါင်းသိန်း ၅၄ဝ ခိုးယူခံထားရကြောင်း တွေ့ရှိရ သည့်အ တွက် တာချီလိတ် ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့သည်။ တာချီလိတ်ခရိုင် ရဲစခန်းမှ ဒုစရိုက်နှိမ်နင်းရေး ခေါင်းဆောင် ရဲအုပ် ဝင်းဇော်ထွန်း၊ ရဲအုပ်အောင်ဇင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုန်းထွန် ရပ်ကွက်နေ ကိုထက်(ခ)မွှေးနီ၊ အောင်ညီစိုး(ခ) အာနိုးနှင့် ဝမ်ကောင်းရပ် ကွက်နေ ရှားအောင်တို့ သုံးဦးသည် အလုပ် အကိုင် အတည် အကျ မရှိဘဲ ငွေများ အလျှံပယ် သုံးစွဲ နေကြောင်းနှင့် ဟောင်လိတ် ကျေးရွာ အုပ်စု ရောင်နီဦး တည်းခို ခန်းတွင် တည်းခို နေကြောင်း သတင်း ရရှိသဖြင့် အောက်တိုဘာ ၁၆ ရက် ည ၁ဝ နာရီခန့်က ဝင်ရောက် ဖမ်းဆီး စစ်ဆေး ခဲ့ရာ အဆိုပါ နေအိမ်မှ ငွေများ ခိုးယူ ခဲ့ကြောင်း ဝန်ခံခဲ့ သဖြင့် ဝမ်ကောင်း ရပ်ကွက် အနော် ရထာ လမ်းရှိ ရှားအောင် နေအိမ်မှ သက်သေခံ ငွေကျပ် ၁၃ဝဝဝဝဝဝ၊ ကိုထက်(ခ) မွှေးနီနှင့် အောင်ညီစိုး (ခ)အာနိုးတို့ အခန်းငှား နေထိုင်ရာ ပုန်းထွန်ရပ်ကွက် နေအိမ်မှ သက်သေခံ ငွေကျပ် ၂ဝ၈၉၆ဝဝဝ တို့အား ပြန်လည် သိမ်းဆည်း ရမိခဲ့ပြီး တာချီလိတ် ရဲစခန်းမှ အမှု အမှတ် (ပ) ၂၉၂/ ၂ဝ၁၂ ပြစ်မှုပုဒ်မ ၃၈ဝ အရ အရေးယူ ဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်