Sunday, October 21, 2012

RFA အသံလွှင့်ဌာန အမြဲတမ်းဝန်ထမ်းသုံးဦး အလုပ်မှထုတ်ပယ်ခံရ

Posted by drmyochit Sunday, October 21, 2012, under | No comments


 

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီ အခြစိုက် RFA လွတ်လပ်သော အာရှ အသံ လွှင့်ဌာန မှ အမြဲတမ်း ၀န်ထမ်း သုံးဦးကို အဆိုပါဌာနမှ ရာထူးမှဒီကနေ့ ထုတ်ပယ် လိုက်ကြောင်း သိရသည်။ အထုတ ခံရသူ သုံးဦးမှာ လုပ်သက် နှစ်ရှည်ကြာ ၀န်ထမ်းများ ဖြစ်သည့် ဦးကိုကိုအောင်၊ ဦးဇော်မိုးကျော် နှင့် ဒေါ်အင်ကြင်းနိုင် တို့ ဖြစ်သည်။ 

အဆိုပါ သုံးဦးကို ၀န်ထမ်း ဦင်္းရေ လျှော့သည့် အနေဖြင့် ထုတ်ပစ် သည်ဟု RFA အသံလွှင့် ဌာနမှ အကြောင်း ပြချက် ပေးခဲ့ သော်လည်း အဆိုပါ သုံးဦးမှာ RFA အသံလွှင့် ဌာန၏ အကြီးတန်း အယ်ဒီတာ ဦးခင်မောင်စိုး၏ ဌာနတွင်း အိမ်ထောင်ရှင် အမျိုး သမီးများ နှင့် အိမ်ထောင်ရေး ဖောက်ပြန် မှုများကို တိုင်ကြားခဲ့ သောကြောင့် ဖြစ်သည်ဟု ၀ါရှင်တန် အနီး တ၀ိုက်ရှိ မြန်မာ လူမျိုးများ ဝေဖန် ပြောဆို နေကြသည်။
သမီး နှစ်ယောက် ဖခင် အကြီးတန်း အယ်ဒီတာ ဦးခင် မောင်စိုးနှင့် တဌာန တည်းလုပ်ကိုင် နေသည့် အိမ်ထောင်ရှင် ၀န်ထမ်း အမျိုး သမီးများ ဖြစ်သည့် သားနှစ် ယောက် မိခင် ဒေါ်သင်း သီရိ နှင့်သမီး နှစ်ယောက် မိခင် ဒ်ါခင်ခင်အိတို့ အကြား အိမ်ထောင်ရေး ဖောက်ပြန် နေမှု များကို ဖော်ပြသည့် စကား ပြောအသံ သွင်းခွေ အင်တာနက် ပေါ်မှ တဆင့် ပြည်တွင်း ပြည်ပ မြန်မာများ အကြားတွင် ပျံနှံခဲ့ ပြီးနောက် ဌာန တွင်းရှိ ၀န်ထမ်း အများ စုက အရေးယူ ပေးရန် တိုင်ကြား ခြင်းဖြစ် သည်။

သို့သော်လည်း ဦးခင်မောင် စိုးကို အရေး ယူခြင်း မရှိသည့် အပြင် ဥိးခင်မောင်စိုးနှင့် ဌာနမှူး တို့ကို ဖေ့ဘုတ်မှ တဆင့် ပရိသတ် များက ၀င်ရောက် အပြစ် တင်ကြ သဖြင့် အသင်းဝင် ၁၇၀၀၀၀ ရှိသော RFA အသံလွှင့်ဌာန ဖေ့ဘုတ် စာမျက် နှာကို ဌာနမှူး ဒေါ်ငြိမ်း ရွှေက ဖျက်ပစ် ခဲ့ သည်။ 
 

( ဓာတ်ပုံ ပ၇ိသတ် များက ဒေါ်ငြိမ်း ရွှေကို ဆဲဆို မှုကြောင့် ဖျက်ပစ်ခဲ့ သော RFA ဖေ့ဘုတ် စာမျက်နှာ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်