Monday, April 08, 2013

လူငယ်များ နှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု

Posted by drmyochit Monday, April 08, 2013, under | No comments


အမေရိကန် ပြည်ထောင်စု တွင် လူငယ် ထက်ဝက် ကျော် သည် HIV ရောဂါပိုး ကူးစက်ခံ နေရပြီး ၄င်းတို့ သည် အဆိုပါ ရောဂါပိုး ကူးစက်ခံ နေရ သည်ကို သတိမမူ မိကြပေ။ HIV ရောဂါပိုး ကူးစက် ခံရသည့် အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် အရေ အတွက် သည် ယင်း ရောဂါပိုး ကူးစက်ခံ ရသူ စုစု ပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်း ရှိကြောင်း အမေ ရိကန် AIDS ရောဂါ တားဆီး ကာကွယ်ရေး မှ ထုတ်ပြန် ထားကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တွင် လစဉ် လူငယ် ၁၀၀၀ သည် HIV ရောဂါပိုး ကူးစက်ခံ နေရပြီး ကုသမရသည့် အဆိုပါ ရောဂါပိုးအား အသက်ရှင်စဉ် အတောအတွင်း ကုသမည် ဆိုပါက အမေရိကန် ဒေါ်လာ ၄ သိန်း ကုန်ကျဖွယ် ရှိသည်။ AIDS ရောဂါ အဖြစ်သို့ ရောက်ရှိ သွားနိုင်ပြီး အစောတလျင် အသက် ဆုံးရှုံး သွားနိုင်ဖွယ် ရှိကြောင်း AIDS ရောဂါ တားဆီး ကာကွယ်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သောမတ်စ် ဖရိုင်ဒန်း က ပြောကြား ထားသည်။ အဆိုပါ အချက်မှာ ကြောက်မက်ဖွယ် ကောင်းပြီး လူငယ်များ အတွက် စိုးရိမ်ဖွယ်ရာ တစ်ခုပင် ဖြစ်သည်။

လူငယ်များအကြား HIV ရောဂါပိုး ကူးစက် ခံရမှုမှာ ယခုနှစ်အတွင်း ပိုမို တိုးမြင့် လာလျက်ရှိပြီး ကျန်းမာရေး အာဏာပိုင် များက HIV ရောဂါပိုး အကြောင်း သိကောင်းစရာ အဖြစ် ပညာပေး ဟောပြော ပို့ချ ထားသည့် အထက်တန်း ကျောင်းမှ ကျောင်းသား ၂၂ ရာခိုင်နှုန်း ကို ယင်း ရောဂါပိုး ရှိ- မရှိ မကြာခဏ စစ်ဆေး ပေးလျက် ရှိသည်ကို တွေ့ရသည်။

အလားတူ နိုင်ငံ အတွင်းရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ် အတွင်းမှ လူငယ် ၃၅ ရာခိုင်နှုန်း ကိုလည်း HIV ရောဂါပိုး ရှိ - မရှိ စမ်းသပ် စစ်ဆေးလျက် ရှိကြောင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာနက ပြောကြား ထားသည်။ HIV ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မား လာရသည့် အကြောင်းရင်းမှာ လူငယ်များ အကြား လိင်တူ ဆက်ဆံမှုများ ပိုမို များပြား လာခြင်း အတွက် ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်သူ ဒေါက်တာ ဖန်တန် က ထောက်ပြ ထားသည်။ အထက်တန်း များတွင်လည်း လိင်တူ ဆက်ဆံသူများ ၊ လိင်မဆက်ဆံမီ မူးယစ် ဆေးဝါး သုံးစွဲမှု နှင့် ခန္ဓာကိုယ် အတွင်းသို့ မူးယစ်ဆေး ထိုးသွင်းသူများ များလာသည်ကို လေ့လာ တွေ့ရှိရကြောင်း ၊ လိင် ဆက်ဆံသူ အများစုမှာ အကာအကွယ် ပစ္စည်း များကို အသုံး မပြုကြသောကြောင့် HIV ရောဂါပိုး ကူးစက်မှုနှုန်း မြင့်မား လာခြင်း ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူငယ်များ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခြင်း မခံရ စေရန် အသိတရား ဖြင့် ဆင်ခြင် ကျင့်ကြံသင့်ပြီး ရောဂါပိုး ကူးစက်ခံရ သူများ အနေဖြင့်လည်း မိမိကိုယ်ကို ဂရုတစိုက် နှင့် စားသောက် နေထိုင်းခြင်း ၊ ကိုယ်လ်က လှုပ်ရှားမှု ပြုလုပ်ခြင်း နှင့် စိတ်ဓာတ် ကြံ့ခိုင်မှု ရှိအောင် နေထိုင်ပါက ကူးစက်မှု အဆင့်ကို ထိန်းချုပ် ထားနိုင်ကြောင်း ၊ မိမိ၏ ဇနီး နှင့် ခင်ပွန်း ထံသို့လည်း မကူးစက် နိုင်ကြောင်း ဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်ရန် ရေးသား လိုက်ရပါသည်။

( မျိုးသူထက် )
မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်