Monday, April 08, 2013

ဘာသာရေးဥပဒေသစ် ဘင်္ဂလားဒေ့ရှ် ပယ်ချ

Posted by drmyochit Monday, April 08, 2013, under | No comments


ဘာသာရေး စော်ကားမှု တင်းကျပ်စွာ နှိပ်ကွပ်ဖို့ တောင်းဆို

အစ်စလာမ် ဘာသာကို စော်ကား ပုတ်ခတ်သူ တွကေို အရေးယူ အပြစ်ပေးနိုင်တဲ့ ဥပဒေသစ် ပြဋ်ဌာန်းဖို့ အစ်စ လာမ် အုပ်စု တွေရဲ့ တောင်းဆို မှုကို ဘင်ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ပယ်ချ ခဲ့ပါ တယ်။

ဘင်ဂလားဒေ့ရှ်ဟာ ဘာသာရေး လွှမ်းမိုးမှု မရှိတဲ့ ဒီမို ကရေစီ နိုင်ငံ ဖြစ်လို့ ဘယ် ဘာသာမဆို လွတ်လပ် စွာ ကိုးကွယ်ခွင့် ရှိသလို ဘာသာရေး စော်ကား ပုတ်ခတ် မှုတွေ အတွက်လဲ ရှိရင်းစွဲ ဥပဒေ တွေနဲ့ အပြစ် ပေးဖို့ လုံလောက် ပြီးသား ဖြစ်ကြောင်း ရှိတ်ဟာဆီနာက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဘာသာရေး စော်ကား နှောင့်ယှက်မှုတွ အတွက် ပိုမို တင်းကျပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ ဒက်ကာ မြို့တော်မှာ သိန်းနဲ့ချီတဲ့ လူတွေက ဆန္ဒပြ တောင်းဆိုခဲ့ ကြအပြီး ၂ ရက် အကြာမှာ ဟာဆီနာက ဒီလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တမန်တော် မိုဟာမက်နဲ့ အစ်စလာမ် ဘာသာကို စော်ကားမှု တွေကို သေဒဏ် အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ အစ်စလာမ် အုပ်စု တွေက တောင်းဆို နေကြပါတယ်။

အမျိုးသား အမျိုးသမီး ရင်းနှီးစွာ ဆက်ဆံ ပြောဆိုမှုလို နိုင်ငံခြား ယဉ်ကျေးမှု အားလုံးကို ပိတ်ပင်ဖို့ လဲ ဒီအဖွဲ့တွေက တောင်းဆို ခဲ့ကြပါတယ်။

ဒီ တောင်းဆို မှုတွေဟာ နိုင်ငံနဲ့ လူမှု အသိုင်း အဝိုင်း အတွက် မဆီလျော်ဘူးဆိုပြီး ဝန်ကြီးချုပ် ဟာဆီနာက ပယ်ချ ခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်