Monday, April 08, 2013

ညလုံးပေါက် အချိန်ပို မဆင်းနိုင်လို့ ဆန္ဒပြ

Posted by drmyochit Monday, April 08, 2013, under | No comments

ရန်ကုန်၊ ဧပြီ ၈ - စက်ရုံအလုပ်သမားတွေကို ည လုံးပေါက် အချိန်ပို ဆင်းခိုင်းတာ ကစပြီး လစာ တိုးပေး ဖို့ အ တွက် ဆန္ဒပြတောင်း ဆို နေကြပါ တယ်။

လှိုင်သာယာ စက်မှုဇုန် (၂) Synergy အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၇၀ဝ ဝန်းကျင်က စက်ရုံဝန်း အတွင်း မှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

'အနိမ့်ဆုံးအခြေခံလစာက တစ်ရက် ကို ၅၅၀ ကျပ်ပဲရတယ်၊ တစ်ရက်အလုပ် ပျက်တယ်ဆိုရင် ၁၂,ဝ၀ဝ ကျပ် အဖြတ်ခံ ရတယ်၊ ဆေးခွင့်ယူတယ်ဆိုရင် မဖြတ်ဖို့၊ အခြေခံလစာတိုးပေးဖို့ တောင်းဆိုထား တာ ဘာ သဘော တူညီ ချက်မှ မရရှိသေး ဘူး˘လို့ လိုင်း (၂) ခေါင်းဆောင် မနီနီက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ည ၉း၃၀ ကတည်း ဆန္ဒပြမှု စတင်ပြုလုပ်ခဲ့ပြီး နံနက် ၄းဝ၀ နာရီ အထိ ပြုလုပ်ခဲ့ တာဖြစ်တယ်။ အခု ညှိ နှိုင်းမှုမရရှိတဲ့အတွက် သည်ကနေ့အထိ ဆန္ဒပြမှုတွေပြုလုပ်နေတာလို့ အလုပ် သမားတွေက ပြောပါတယ်။

'ထမင်းဟင်းကတော့ စက်ရုံက ကြွေး တယ်၊ သူတို့ကတော့ လစာထဲက မဖြတ် ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ လစာထဲက တော့ ဖြတ်တာပဲ˘လို့ ဆန္ဒပြအလုပ်သမား တစ်ဦးက ပြောပါတယ်။

အလုပ် သမားတွေက တောင်းဆိုချက် စုစုပေါင်း ၁၂ ချက် တောင်းဆိုထားတယ်။ ညှိနှိုင်းမှုအောင်မြင်ခါနီးမှာ စက်ရုံမှာ အငှားခေါ်ထားတဲ့ သံစည်သံကွေးလုပ် သားတွေက စက်ရုံအပြင်ဘက်မှာရှိတဲ့ ဆန္ဒပြ အလုပ် သမားတွေ ကို လာရောက် ကူညီပေးနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းမှ ကိုမျိုးအောင်နဲ့ မချောစု လှိုင်ကို လိုက်ရိုက် တဲ့အတွက် ညှိနှိုင်းမှုပြုလုပ်နေ တဲ့ ပွဲပျက်သွားတယ်လို့ သိရပါတယ်။

ဆန္ဒပြအထည်ချုပ်စက်ရုံက ကိုရီး ယားလူမျိုး ပိုင်ဆိုင်တဲ့စက်ရုံဖြစ်တယ်လို့ အလုပ် သမားတွေ က ပြောပါ တယ်။ ဆန္ဒပြ နေတဲ့အတွက် စက်ရုံက အလုပ်သမားတွေကို ထမင်းကျွေးမွေးတာမရှိသေးဘူးလို့ သိရတယ်။

From: ကုမုဒြာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်