နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အဆင့်မြင့်ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းမှ အမိုးကပ် လုပ်သား ဦးနိုင်ဝင်း(၂၄)နှစ်သည် ဘောလုံးကွင်း အမိုးထိပ်၌ အမိုးကပ် လုပ်ငန်း လုပ်ကိုင်နေစဉ် ခြေချော်ပြုတ်ကျသဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ ကုသ ထားကြောင်း သတင်း အရ နေပြည်တော် အမှတ်(၅) ရဲစခန်းမှ တပ်ဖွဲ့ ၀င်များ သွားရောက် စစ်ဆေး ခဲ့သည်။ စစ်ဆေးတွေ့ရှိ ချက်အရ ဦးနိုင်ဝင်းတွင် ယာလက်ပွန်းပဲ့၊ ၀ဲခြေကျင်းဝတ် အရိုး အက်ကွဲ ဒဏ်ရာ ၁ ချက်စီဖြင့် ဆေးကုသမှု ခံယူနေရာမှ ၁၆၃၀ အချိန် သေဆုံးသွားခဲ့သဖြင့် ၁၇၀၀ အချိန် နေပြည်တော် အမှတ်(၅) ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၂)ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိသည်။
Time in Rangoon


0 comments:
Post a Comment