Thursday, December 20, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပက်သက်ပြီး တရုတ်သံအမတတ်ကြီး၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

Posted by drmyochit Thursday, December 20, 2012, under | No comments

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပေါ် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် မျှတမှန်ကန်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင် နိုင်မည် ဆိုပါကလက်ခံမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးက ပြောဆို လိုက်သလို စီမံကိန်း ရပ်ဆိုင်း လိုက်မည် ဆိုပါ က အနာဂတ်မြန်မာနိုင်ငံ အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို ထိခိုက်စေမည် ဖြစ်ကြောင်းလည်း ၄င်းကပြောကြားလိုက်သည်။

ထို့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စီမံကိန်း ဧရိယာ အတွင်းရှိသပိတ်စခန်း ဖြိုခွင်းမှုတွင် ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့သော လက်နက်များအား ကုမ္ပဏီ ဘက်မှ ထောက်ပံ့ခဲ့သည် ဆိုသည့် စွပ်စွဲချက်များအပေါ် မိခင်ကုမ္ပဏီ ဖြစ်သည့် Norinco ကုမ္ပဏီသည် လက်နက်ထုတ်သည် ဆိုသော်လည်း ဝမ်ပေါင်ကုမ္ပဏီ သည် ကြေးနီထုတ်သည့်လုပ်ငန်းကိုသာ အဓိကထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။

”ပွင့်ပွင့်လင်းလင်းပြောရင် ရဲတပ်ဖွဲ့ကသုံးတဲ့ဗုံးက ဘယ်လမ်းကလာလဲမသိဘူး။ ဘယ်သူပေးလဲ မသိဘူး။ ဝမ်ပေါင်က ပေးတယ်လို့တော့သတင်းမရသေး ပါဘူး" ဟု သံအမတ်ကြီးကပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် မြန်မာတိုင်းမ် သတင်းဂျာနယ်ပါ”မျှတပြီး မှန်ကန်တဲ့ အစီရင်ခံစာ ဆိုရင် လက်မခံ နိုင်စရာ မရှိပါဘူးဟုခေါင်းစဉ်ပေးထားသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ ပြောကြားချက်” မှ ကောက်နုတ်ချက်ဖြစ်ပါသည်။

The Voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်