Thursday, November 21, 2013

လူ၎ဦး ဒဏ်ရာရစေခဲ့သည့် တရားမ၀င် ကျွဲရိုင်းကို ပစ်ခတ်ဖမ်းဆီး၍ ကျွဲပိုင်ရှင်ကို အရေးယူ

Posted by drmyochit Thursday, November 21, 2013, under | No comments


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ စိတ်ရိုင်းဝင်နေသော ကျွဲတစ်ကောင်က ရပ်ကွက်များအတွင်း ၀င်ရောက် သောင်းကျန်းခဲ့သည့်အတွက် ဒေသခံ ၄ ဦးဒဏ်ရာရရှိခဲ့၍ ရဲတပ်ဖွဲ့ဝင်များမှ ကျွဲကိုပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

လပွတ္တာမြို့မှကျွဲမှောင်ခိုတစ်ဦးသယ်ဆောင်လာသည့်ကျွဲ ၉ ကောင်ထဲမှ ကျွဲတစ်ကောင်သည်နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် သိမ်မြို့ကျောက်ပုံစက်လှေဆိပ်၌ကုန်းပေါ်တင်နေစဉ် လွတ်ထွက်သွားပြီးပုသိမ်မြို့အမှတ် ၃၊ အမှတ် ၆၊ အမှတ် ၈၊ အမှတ် ၁၂၊ အမှတ် ၁၃ စသည့်ရပ် ကွက်တွေထဲသို့ ထွက်ပြေးကာ လမ်းပေါ်တွင်တွေရှိသမျှ လူနှင့်အရာဝတ္တုများကို အန္တရာယ်ပေးခဲ့သည့်အတွက် လူ(၄)ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။



“ကျွဲက ဆူညံတဲ့အသံတွေကြောင့်လန့်ပြီး ထွက်ပြေးတာပါ။ ကျွန်တော်တို့လည်း သတင်းရတာနဲ့ အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး ကျွဲကိုလိုက်လံဖမ်းဆီးခဲ့တယ်။ ဒါပေမယ့်ကျွဲက လန့်နေတယ်။ ရိုင်းလည်း ရိုင်းတော့ အဖမ်းမခံဘဲ ထွက်ပြေးသွားတယ်''ဟု ပုသိမ်မြို့အသည်ကြီးရဲစခန်းမှစခန်းမှူး ဒုရဲမှူးသန်းအေးက ပြောသည်။

ပုသိမ်မြို့ကမ်းနားမှ လွတ်ထွက်ခဲ့သောထိုကျွဲသည်မြို့ပေါ်ရပ်ကွက်များတွင် ၀င်ရောက်သောင်းကျန်းပြီး မြို့မှ(၆)မိုင် ခန့်ဝေးသော ပျဉ်းကတိုးကုန်းကျေးရွာအနီးသို့ရောက်ရှိသွားကာ ရွာဘေးမှလယ်ကွင်းထဲတွင်ရှိနေသော ကျွဲနှစ် ကောင်နှင့်တွေ့သောအခါ ထိုကျွဲများအနီးတွင် ကပ်နေခဲ့ကြောင်း စခန်းမှူး ဒုရဲမှူးဦးသန်းအေးက ဆက်ပြောသည်။

လမ်းတလျှောက်လုံးတွင် ထိုးကျွဲခတ်သဖြင့်လူ(၄)ဦးဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်၂ စီးနှင့်ဆိုက္ကားတစ်စီး လည်း ပျက်ဆီးခဲ့သည်ဟု သက်ဆိုင်ရာရဲစခန်းများမှ သိရှိရသည်။

ထိုကဲ့သို့သောင်းကျန်းနေခဲ့သောကျွဲအားပုသိမ်မြို့အမှတ်၂ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များနှင့်ပျဉ်းကတိုးကုန်း ကျေးရွာသားများပူးပေါင်းပြီး ဖမ်းဆီးခဲ့သော်လည်း ဖမ်းဖို့ကြိုးစားသူများအားပြန်လှန် ရန်ပြုခဲ့သဖြင့်လူတစ်ဦး ထပ်မံခေါင်းပေါက်သွားသည့်အတွက် ကျွဲရှိတဲ့နေရာကို ရောက်ရှိလာသော ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စိုးက ပစ်ခတ်ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

'' ရွာမှာကလည်း မူလတန်းကျောင်ရှိနေတော့ ကလေးတွေလည်း ကျောင်းတက်နေကြတယ်။ ကျွဲကလည်း ဖမ်းလို့မရဘူးဖြစ်နေတော့ ပျဉ်းကတိုးကုန်းကျေးရွာသားတွေရဲ့အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် နောက်ဆုံးမှာ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်''ဟုပုသိမ်မြို့အသည်ကြီးရဲစခန်းမှူး ဒုရဲမှူးဦးသန်းအေးက ပြောသည်။

ထိုကဲ့သို့ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့်ကျွဲမှာ ညနေ(၅)နာရီခွဲခန့်တွင် သေဆုံးခဲ့ပြီးကျွဲသယ်လာသူ ဦးသန့်ဇင်ထွန်းကိုမူ တိရိစ္ဆာန်ကိုပေါလျော့စွာသယ်ဆောင်ခဲ့သည့်အတွက်အသည်ကြီးရဲစခန်းက ပြစ်မှုနံပါတ်၂၃၁/၂၀၁၃၊ပုဒ်မ၂၈၉ဖြင့် အမှုဖွင်ခဲ့ပြီး၊၄င်းသယ်ဆောင်လာသည့်ကျွဲများသည် ခွင့်ပြုမိန့်မရှိဘဲ တရားမ၀င်သယ်ဆောင်လာသည့် ကျွဲများဖြစ်နေ သဖြင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅နှင့်ထပ်မံအမှုဖွင့်အရေးယူခဲ့ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲစခန်းမှသိရသည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်