Sunday, April 14, 2013

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေး ချမ်းမှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောကြား

Posted by drmyochit Sunday, April 14, 2013, under | No comments



တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပြော ကြားနေသည့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းအား ဧပြီလ ၁၀ရက်က တွေ့မြင်ရစဉ်
----------------
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

အဆိုပါ ပြောကြားချက်အား ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် တောင် သူ လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲ ညှိနှိုင်းရေး အစည်း အဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာ နိုင်ငံရဲ့ အခြေခံ အကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ အဆင်ပြေသလား ကြည့်လိုက်ရင် အဆင်မပြေကြပါဘူး။ သာမန်ကြည့်ရင် သူတို့ အဆင်မပြေတာ ဆိုပေ မဲ့ နိုင်ငံနဲ့ ဆိုင်တဲ့ ပြဿနာပါ။ သူတို့ ဆင်းရဲနေမယ်ဆို ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းတဲ့နိုင်ငံ ဖြစ်မလာနိုင် ပါဘူး''ဟု သူရဦးရွှေမန်းက သုံးသပ် ပြောကြားသည်။

ဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စိုက် ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာကော် မတီဝင်များ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ မြန် မာနိုင်ငံ တောင်သူလယ်သမား အသင်းတို့မှ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တ၀န်းတွင် ဖြစ်ပွား နေသည့် လယ်ယာမြေသိမ်းဆည်း ခံရမှုများကြောင့် လယ်သမားအများ စု မှာ ဘ၀ရပ်တည်ရေး ခက်ခဲမှု ရှိ နေသည့်အပြင် ထိုက်သင့်သည့် ကာလပေါက်ဈေး လျော်ကြေးငွေ မရရှိမှု၊ စီမံကိန်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများကြောင့် ဘ၀ရပ်တည်ရန် ခက်ခဲမှုစသည့် ဖြစ်ရပ် များအပြင် စိုက် ပျိုးချေးငွေ မလုံ လောက်မှုကြောင့် ပြင်ပမှ အတိုးနှုန်း မြင့်မားစွာ ရှာဖွေစိုက်ပျိုးရမှုများ ဖြစ် ပေါ်နေ သည့် အပြင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အကြွေးပတ် လည်ဝိုင်းသည့် အနေအထားတွင် ရှိနေေ ကြာင်း သိရသည်။

တောင်သူလယ်သမား အကျိုး စီးပွား ကာကွယ်သည့် ဥပဒေတွင် အဓိက အချက် ၃ ချက်အား ဥပဒေ အကြမ်း တွင် ထည့်သွင်းထားပြီး အဆိုပါ အချက်များမှာ လုံလောက် သည့် ချေးငွေ ရရှိရန်၊ လက်မှုလယ် ယာ မှ စက်မှုလယ်ယာသို့ပြောင်းလဲ ရာတွင် စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံ မှုများ ထောက်ပံ့ပေးရန်၊ ဈေးကွက် ရရှိရေးနှင့် သင့်တော်သည့် ဈေးနှုန်း သတ်မှတ်ပေးနိုင်ရန် စသည့် အချက် များဖြင့် ရေးဆွဲထားကြောင်း သိ ရသည်။

''ချေးငွေ တိုးမြှင့်ရနိုင်ဖို့ အတွက် ဘဏ်တွေငွေကြေးဆိုင်ရာကော် မတီတွေ ညှိနှိုင်းဖို့ လိုသလို၊ စက်မှု လယ် ယာပြောင်းဖို့ ဈေးကွက် ရရှိဖို့လည်း စီးပွားကူးသန်း၊ လယ် ဆည် တို့ ပါဝင် စဉ်းစားလုပ် ဆောင် ဖို့လိုတယ်။ မွေးမြူရေးသမား တွေအတွက် အဆင်ပြေအောင် လည်း မွေးရေ၀န်ကြီးဋ္ဌာနက ပါဝင် ကူညီဖို့ လိုတယ်။ ဒီကိစ္စသုံးခုကို ပေါင်းစဉ်းစားနေရင် လယ်သမား တွေ ဒုက္ခရောက်သွားနိုင်သလို ဥပဒေလည်း ပေါ် လာနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် လယ်သမား ပြသနာ ကနေ၊ နိုင်ငံတော်ပြသနာအထိဖြစ် သွားနိုင်တယ်'' ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။

လယ်သမားအကျိုးစီးပွားကာ ကွယ်နိုင်ရေးဥပဒေတွင် လယ်သမား များအနေဖြင့် စိုက်ပျိုးသီးနှံ၊ စပါး များ အား လွတ်လပ်စွာ စိုက်ပျိုး ရောင်းချနိုင်ခွင့် ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆွေးနွေးခဲ့ပြီး တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ မှလည်း စီမံကိန်းအပါအ ၀င်ရာသီဥတုကြောင့် ပျက်စီးသွား သည့် လယ်ယာမြေများအား အာမ ခံပေးနိုင် သည့် အချက်အလက်များ ထည့်သွင်းပေးရန် တင်ပြခဲ့သည်။

အဆိုပါ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်သည့် ဥပဒေအား လွှတ်တော်အတွင်း တင်ပြ ဆွေးနွေးနိုင် ရန် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း ကပြောသည်။

လွန်ခဲ့သည့် လအနည်းငယ် အတွင်း ဦးပိုင်၊ အော့ချက်စသည့် ကုမ္ပဏီများမှ လုပ်ကိုင်သည့် စီမံကိန်း များကြောင့် လယ်ယာမြေများ အသိမ်းဆည်းခံရသည့်အပြင် ထိုက် သင့်သည့်လျော်ကြေး မရရှိသဖြင့် စစ်ကိုင်း တိုင်း မုံရွာခရိုင်ရှိ လက်ပံ တောင်းတောင်စီမံကိန်းတွင် သပိတ် စခန်းများ ဖွင့်လှစ်ခဲ့မှု အပေါ် အ ကြမ်း ဖက် နှိမ်နင်းမှုနှင့် မအူပင် မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု အစရှိသည့် နေရာများတွင် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သိမ်းခံ ပြည်သူများ အကြားအဓိကရုဏ်းများလည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။




From:opposite eyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်