Friday, May 10, 2013

မိုးညိုအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ဖမ်းထားသူ ၅ ဦးကို ပြန်လွှတ်

Posted by drmyochit Friday, May 10, 2013, under | No comments


ပဲခူးတိုင်း မိုးညိုမြို့နယ်မှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး တရားစွဲ ဆိုထားတဲ့ မိုးညိုမြို့ နယ် က ၅ ဦးကို မြို့နယ်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။ မနေ့က ရုံးထုတ်ချိန်မှာ မြို့နယ် တရားရုံးက အာမ ခံ ပေးလိုက် တာလို့ မိုးညိုမြို့ခံတဦးက ပြောပါတယ်။ “သူတို့ကို အာမခံနဲ့ လွှတ်ပေး လိုက်တယ်။ ဒါပေ မယ့် သူတို့က ထောင်ကျမှာတော့ သေချာတယ်။ ချုပ်ရက်က များနေတော့ ၁ လလောက် ရှိပြီလေ။ အာမ ခံနဲ့ ပြန်လွှတ် လိုက်တာ။ ထင်ကြေးပေးနေတာတော့ ၆-၇ နှစ်လောက်ဖြစ်နိုင်တဲ့ အလား အလာရှိတယ်။” 

တရား စွဲဆို ခံရ သူတွေ ဟာ မိုးညိုမြို့ ပေါ်က အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုနန်းထိုက် နဲ့ ကျန်သူ ၄ ဦးကတော့ မိုးညိုမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ၀ဲကြီးရွာနဲ့ သရက်တပင် ရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ တရား စွဲဆို ခံရသူ တွေ ထဲမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ တရား စွဲဆို ခံသူ တွေဟာ အကျိုးဖျက်ဆီးမှု၊ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ဖျက်ဆီးမှု  ဂုဏ်သိက္ခာ စော်ကားမှု၊ ဥပဒေနဲ့ မညီ ညွတ်လို့ လူစုခွဲရာမှာ မလိုက်နာမှုတို့နဲ့ တရားစွဲဆိုထား တာ ဖြစ်ပါတယ်။ သူတို့ကို လာမယ့် မေလ ၁၅ ရက်နေ့မှာ ရုံးပြန်ချိန်းထားပါတယ်။ တရားစွဲဆိုခံရသူတွေဟာ အမှန်တကယ် ဦးဆောင်ပြီး လုပ်တဲ့ သူတွေကို မဖမ်းဘူးလို့ အဲဒီမြို့ခံက ပြောပါတယ်။ “မိုးညိုဖြစ်စဉ်က တကယ်လုပ်တဲ့၊ ဦးဆောင် တဲ့သူတွေ ကို မစွဲဘဲ နောက်က လိုက်တဲ့သူတွေကို ဖမ်းတာပဲ တွေ့ရသေးတယ်။ တကယ်လုပ်တာက မြို့ပေါ်က လုပ်တာ။ ကျနော်တို့ မဖြစ်ခင် ၂၃၊ ၂၄၊ ၂၅ နဲ့ ၂၆ ရက်တွေမှာ လိုက်ထိန်းတယ်။ အခုက မြို့ပေါ် ကြံ့ ခိုင် ရေးက ဦးဆောင်ပြီး သံဃာတွေလည်းပါတယ်။ နယ်က သံဃာတွေလည်း ပါတယ်။ ကိုယ်နဲ့ သိတဲ့ လူတွေလည်း ပါတယ်။ တကယ့် အမာခံ ထိပ်ပိုင်းခေါင်းဆောင်တွေ အဖမ်းမခံရဘူး။” အလားတူ ပဲခူးတိုင်း ဇီးကုန်း မြို့နယ်မှာ အကြမ်းဖက် မှုတွေနဲ့ ပတ်သက်တဲ့ လူ ၁၀ ဦးကို ဖမ်းဆီး တရားစွဲဆိုထားပြီး ဒီနေ့မှာ ရုံးထုတ် စစ်ဆေး တယ်လို့ ဖမ်းဆီး တရားစွဲ ဆိုခံရ သူတွေ ထဲက ဦးအောင်မြတ်သူရဲ့ ရှေ့နေ ဒေါ်ဇင်မိုး ထိုက်က ပြောပါတယ်။ ဇီးကုန်းမြို့နယ်မှာ ဖမ်းဆီးထားသူတွေကိုလည်း အကျိုးဖျက်ဆီးမှု၊ နေအိမ် ခြံဝင်း အတွင်း ၀င်ရောက်ဖျက်ဆီးမှု၊ ဂုဏ်သိက္ခာစော်ကားမှု၊ ဥပဒေနဲ့ မညီညွတ်လို့် လူစုခွဲရာမှာ မလိုက်နာမှုနဲ့ တရား စွဲဆို ထားတယ်လို့ ပြောပါတယ်။ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု အတွင်း ဗုဒ္ဓ ဘာသာ ဘုန်းကြီး ၁ ပါးကို သတ်ဖြတ် ခဲ့မှုနဲ့ ပတ်သက်ပြီး အစ္စလာမ် ဘာသာဝင် ၇ ဦးကို တရားစွဲ ဆိုထားရာ ဒီနေ့ မှာတော့ တရားခံပြ သက်သေ အားလုံး စစ်ဆေးပြီ ဖြစ်တယ်လို့ စွပ်စွဲ ခံရသူတွေ ဘက်က ရှေ့နေ ဦးသိန်း သန်းဦးက ပြောပါတယ်။

လာမယ့် မေ ၁၃ ရက်နေ့မှာတော့ နှစ်ဖက် လျှောက်လဲချက်ကို ကြားနာမှာဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်း ဦးက ဒီဗွီဘီကို ပြောပါ တယ်။ 

From: DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်