မေလ (၉) ရက် ယမန်နေ့ တစ်နေ့တည်းတွင် ဒက္ကားမြို့ အထည်အချုပ်စက်ရုံ အပျက်အစီးများ ကြားထဲမှ သေဆုံးသူ အလောင်း ၁၂၀ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၉၉၆ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။
ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သော အလောင်းများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မှတ်မိနိုင်ခြင်း မရှိတော့ကြောင်း ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။
သေဆုံးသူများ၏ ID ကဒ်များနှင့် လက်ကိုင် မိုဘိုင်းဖုံးများမှာလည်း အနီးအနားများတွင် မရှိတော့ရာမှ သေဆုံး သူများမှာ မည်သူ မည်ဝါဖြစ်သည်ကို သိရှိနိုင်ခြင်း မရှိတော့ကြောင်း သူတို့က ဆိုသည်။
သေဆုံး အလောင်းများကို မှတ်မိနိုင်ခြင်း မရှိတော့သဖြင့် ကျန်နေခဲ့သူ မိသားစုများသို့ အလောင်းများ လွှဲပြောင်း ပေးရန် လည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆောက် အအုံ ပြိုကျပြီး ၁၆ ရက်မြောက်နေ့တွင် အလောင်း ၁၂၀ ကို တစ်နေ့တည်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ် သည်။
ရှစ်ထပ် အဆောက်အအုံ Rana Palaza ပြိုကျမူကြောင့် လူပေါင်း ၁၀၀၀ ကျော်ထိ သေဆုံးနိုင်ဖွယ်ရှိနေပြီး အလောင်း များကို ကယ်ဆယ်ရေး လုပ်သားများက ဆက်လက် ရှာဖွေနေတုန်း ဖြစ်ကြောင်း သိရသည်။
From: narinjara
Time in Rangoon


0 comments:
Post a Comment