Friday, May 10, 2013

ရွှေတိဂုံဘုရားသို့ အရက်သေစာသောက်စားပြီးလာရောက် ဖူးမြော်သည်ကို တားမြစ်သင့်

Posted by drmyochit Friday, May 10, 2013, under | No comments


မြန်မာ နိုင်ငံရှိ အထင် ကရနေ ရာများတွင် ပါဝင် သည့် ရွှေတိဂုံ ဘုရားသို့ နိုင်ငံခြား ခရီးသွား များ လာ ရောက် လေ့လာ ဖူးမြော် ကြသဖြင့် အရက် သေစာ သောက်စားပြီး ဘုရားသို့ လာရောက် ကြ သည် ကို  ပြင်းပြင်း ထန်ထန် တားမြစ်သင့် ကြောင်း ဘုရား ဖူးပြည်သူများထံ မှ သိရသည်။

“ရွှေတိဂုံဘုရားကို လာရောက်  လေ့လာတဲ့ နိုင်ငံခြား သား ဧည့်သည်  တွေ များလာတဲ့အတွက် အရက် သေစာ သောက်စားပြီး လာရောက်  ကြတဲ့ လူငယ်အချို့ရှိတယ်။ ဘုရားစောင်းတန်းတစ်ခုစီမှာရှိတဲ့ ယဉ်ကျေး မှု အရ စကပ်တို၊ ဘောင်းဘီတို၊ ၀တ်ဆင်ခြင်းများ ကို စစ်ဆေးသည့်နေရာတွင် တစ်ပါတည်း အရက် သေစာ သောက်  စားခြင်းကို တွေ့ရှိပါက တက်ရောက်ခွင့်မပေးသင့်ကြောင်း” ဟု ဘုရားဖူး သံဃာတော် တစ်ပါး မှ မိန့်တော် မူသည်။

နိုင်ငံတော် တိုးတက် ပြောင်းလဲ မှုကို စိတ်ဝင်တစားလာရောက်လေ့  လာကြသော နိုင်ငံတကာမှ အသိ  ပညာရှင် အတတ် ပညာရှင် များက ရှုံ့ချ ကဲ့ရဲ့မှုများ မရှိအောင် တင်းကြပ် စွာကြပ်မတ်သင့်ကြောင်း ခရီး သွား အေဂျင်စီ တစ်ခုမှ တာဝန်ရှိ  သူတစ်ဦးမှပြောကြားသွားသည်။

“ဒီလိုအရက်သေစာသောက်  စားမူးရူးပြီး ဘုရားရင်ပြင်တော်ပေါ် တက်လာတဲ့ လူငယ်အချို့က အသိမဲ့ပြီး မြန်မာ အမျိုး သမီး အချို့ နှင့် နိုင်ငံခြားခရီးသွားများကို မထီမဲ့မြင်ပြောတာတွေကို ခဏ ခဏတွေ့ရ ပါတယ်။ နိုင်ငံခြားခရီး သွားများကဒီလိုသောက်စားပြီး ဘုရားရင်ပြင်တော်ပေါ်ကို တက်လို့ရသလားဟု မေး သည့် အတွက် သာသနာဂုဏ်သိက္ခာ ညှိုးနွမ်းမည်ကို စိုးရိမ်သည့်အတွက်  အရက်သေစာ သောက်စား လာပြီး ဘုရားလာရောက်ဖူးမြော်သည်ကို  တားမြစ်သင့်သည်”ဟု အဆိုပါ ပုဂ်္ဂိုလ်မှပြောကြားသွားသည်။

 အောင်အောင်
From: The Hot News Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်