လူသတ်၍ အလောင်း ဖျောက်ဖျက်ရန် မီးရှို့ပြီး ရွှေထည် ပစ္စည်းများ ယူဆောင် သွားသူ သာကေတ
မြို့နယ်၊ (၁) ရပ်ကွက် ထူပါရုံ အရှေ့(၉) လမ်းနေ မျိုးလွင် (ခ) ကိုမျိုး (၅၀) နှစ်အား ပြစ်မှုကျူးလွန်
ကြောင်း ထင်ရှားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း
(အနှစ် - ၂၀) ကျခံ စေရန်၊ ပြစ်မှုပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် ပြစ်မှုပုဒ်မ
၃၈၀ အရ ထောင်ဒဏ် ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ကျခံစေရန် ပြစ်ဒဏ်များကို သီးခြား ကျခံစေရန ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံး၊ ဒုတိယ ခရိုင်တရားသူကြီး(၆)ရုံးက ဧပြီ (၂၄)ရက်က စီရင်ချက် ချမှတ်လိုက်သည်။
Time in Rangoon


0 comments:
Post a Comment