Sunday, October 14, 2012

OIC မည်သည့်ပုံစံဖြင့်လာလာ ဆန့်ကျင်မည် ဟု စစ်တွေခေါင်းဆောင်များက ဦးထွေးလှအား ပြောကြား

Posted by drmyochit Sunday, October 14, 2012, under | No comments


OIC နှင့် နားလည် မှုစာချွန် လွှာရေး ထိုးခဲ့သူ နယ်စပ်/စည်ပင် ညွှန်ကြားရေး မှူးချုပ် ဦးထွေးလှ နှင့် စစ်တွေမြို့ မှ ဦးဆောင်ဦးရွက်ပြုသူ အချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင် အလွတ် သဘောတွေ့ ဆုံကြရာတွင်၊ OIC က အသွင် တစ်မျိုးမျိုးဖြင့် ၀င်လာမှုကို ဆက်လက် ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်း တွေ့ဆုံခဲ့သူများကပြေကြားခဲ့သည်ဟု ယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင် ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြား သည်။

OIC စစ်တွေမြို့တွင် ရုံးဖွင့်မည်ဆိုသည်မှာ မဟုတ်ကြောင်း နောက်ဆုံးထုတ် Voice ဂျာနယ်ရှေ့ဖုံးပါ ၄င်းနှင့် အင်တာ ဗျူးကို ပြသရင်း ဦးထွေး လှက ဒီက ဒေသခံ များ၏ စကားသံကို ကြားချင်သောကြောင့် ယခုလိုတွေ့ ဆုံရသည်ဟု ရှင်းလင်းပြောကြား ပြီးနောက်၊ ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ ဥက္ကဌ) ၊ ဦးထွန်းကျော် (အင်းပေါက်ဝကုမ္ပဏီ)၊ ဦးကျော်ဇောဦး (၀ံလက်ဖောင်ဒေးရှင်း) ၊
ဦးအောင်မြကျော် (ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဒေသခံလုပ်ငန်းရှင်တစ်ဦးတို့ ၀င်ရောက်ဆွေးနွေး ခဲ့ကြသည် ဟု အဆိုပါ အမည်မဖော်လိုသူက ပြောကြားသည်။

ပြည်ထောင် စုအဆင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က စစ်တွေမှာ သာမဟုတ်၊ရန်ကုန်မှာ ထားလျှင်လည်းဆန့်ကျင်ရမည် ဖြစ်ကြောင်း၊မြန်မာပြည်သူတစ်ရပ်လုံးအား နစ်လု ဆဲဆဲနွံ တွင်း ထဲမှ ဆွဲထုတ်ရမည် ဖြစ်ကြောင်းဆွေးနွေးသွားသည်။

အခုမြန်မာနိုင်ငံဒေသအသီးသီးမှာ OIC ရုံးစိုက်မှာကို ကန့်ကွက်ဆန္ဒပြနေကြခြင်းသည် အစိုးရက ခြေလှမ်း မှား တစ်လှမ်းကျွံနေသည်ကို ခြေပြန်နှုတ်ခွင့်သာအောင် ပြည်သူများက ၀ိုင်းဝန်း ဆန္ဒပြနေကြ ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဆန့်ကျင် ကန့်ကွက်မှုများကို ဆက်လက်လုပ်ဆောင် သွားမည့် အလား အလာ ရှိနေကြောင်း ၄င်းက ပြောကြားသွားသည်။

ဦးကျော်ဇောဦးက အစ္စလမ်လောကသားတို့ စည်ပင်ဝပြောပြန့်ကားရေးကို ရည်ရွယ်ချက်ထားသည့်၊ အစ္စ လမ်ရှရီးယားနှင့်အညီ လူ့အခွင့်အရေးစံကို အခြေခံသည့်၊ နိုင်ငံတကာ၏ အကြမ်းဖက် သမား သတ်မှတ် ချက်ကို လက်မခံသည့် OIC ၏ အန္တရာယ် အလားအလာကို ထောက်ပြပြောဆိုသည်။

ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် ရိုဟင်ဂျာအဖွဲ့ (၂၅)ဖွဲ့ကိုစုစည်းကာ Arakan Rohingya Union အဖြစ် OIC က ကမကထပြုကာ ၂၀၁၁-ခုနှစ်အတွင်း ဖွဲ့စည်းပေးခဲ့သည့် အချက်ကို လည်း ၄င်းက ထောက်ပြခဲ့သည်။

ထို့အပြင် သံသယဖြစ်ရသည့်အလားတူ ဖြစ်ရပ်ကို ၄င်းက နှိုင်းယှဉ်ပြရာတွင်၊ Humanitarian Freedom Flotilla to Arakan ကို အသွင်ပြောင်းကာ PK1M မလေးရှားအဖွဲ့အဖြစ် မကြာမီက စစ်တွေသို့ ရောက်လာ သည့် အဖွဲ့သည် ဂါဇာကမ်းခြေကို အတင်းကပ်ဖို့ကြိုးစားသဖြင့်အစ္စရေးက အတင်းဟန့်တားခဲ့ရသည့် Freedom Flotilla နှင့် အလားတူ နေကြောင်း၊OIC အပါအ၀င် အစ္စလမ်မစ် မစ်ရှင်များ အနေဖြင့် သိုဝှက်ထားသည့် ရည်မှန်းချက်များရှိတတ်သည်ကို စိုးရိမ်မိကြောင်း ၄င်းကပြောပြခဲ့သည် ဟု ဆိုသည်။

တတ်နိုင်သမျှစစ်ဆေးသည့်ကြားမှ ယင်းမလေးရှားထောက်ပံ့ရေးအဖွဲ့ PK1M ၏ ထောက်ပံ့ရေး ပစ္စည်း ပုံးခွံ ကတ်ထူ များတွင် ရေစိုသည့်အခါမှ ပေါ်လာအောင်လုပ်ထားသည့် မလိုလားဖွယ် ဓါတ်ပုံများ ပါရှိနေ သည်ကို တွေ့ကြရသည်မှာ နှစ်ရက်မျှရှိပြီ ဖြစ်သည်။

ယင်းထောက်ပံ့ရေးပစ္စည်းများကို အကြောင်းပြု၍ လက်နက်များ ဖောက်ခွဲရေးပစ္စည်းများ ခိုးသွင်း လာမည် ကို စစ်တွေမြို့သူမြို့သားများက စိုးရိမ်နေကြသည်။

OIC ၏ ကိုယ်စားပြု iNGO ပုံစံဖြင့် လာခြင်းကို သော်လည်းကောင်း ၊ OIC ယာယီ ရုံးဖွင့်ခြင်း ကိုသော် လည်းကောင်း ၊ ရန်ကုန်မှ နေ၍ မြန်မာပြည် တစ်နေရာရာ အတွက် အလုပ်လုပ်ပေးခြင်းကိုလည်း ဆွေးနွေး သူများ က မလိုလားကြောင်း ပြောကြသည်ဟုဆိုသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားရေး အကူအညီ အတွက်သာလာမည် ဆိုသည်ကိုလည်း သံသ ယဖြင့် လက်မခံနိုင်ကြပေ။

ရခိုင်ဒေသအတွင်း လှုပ်ရှားခဲ့ကြသော နိုင်ငံတကာ iNGO များသည် မလိမ့်တပတ်ဖြင့် ဒေသ တူနေ တိုင်းရင်း သားများ လုံးဝမပါစေပဲ ခိုးဝင်လာသူ ဘင်္ဂါလီ နိုင်ငံခြားသားများအား နှစ်ပေါင်း နှစ်ဆယ်နီးပါး အင်အားကြီးသထက်ကြီးအောင် ထောက်ပံမှုများ ပြုနေခဲ့ကြရာ၊ ရခိုင်ပြည်သူများကOIC ကိုမဆိုထားနှင့်၊ အစ္စလမ်မစ် အသွင် မဆောင်သည့် ပြည်ပအဖွဲ့အစည်းများ NGO များကိုပင် စိစစ်ကြရတော့မည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်နှင့် ဒေသခံများကဆွေးနွေးခဲ့ကြသည်။

စစ်တွေအခြေစိုက် လုပ်ငန်းရှင်တစ်ဦးကလည်း OIC ၏ လှုပ်ရှားမှုကို ပြည်သူများကအစီအစဉ်မဲ့ တုံ့ပြန် မိသောကြောင့် (သေကြေ၊ ဒဏ်ရာရ ၊ ဖမ်းဆီးခံရ အစရှိသည့်) နစ်နာမှုများ ဖြစ်လာမိမှာကိုစိုးရိမ်မိကြောင်း ပြောကြား သွားသည်။

(သောင်းကြွယ် ရေးသားသည်။)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်