Sunday, October 14, 2012

ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းကြောင့် လူ ၂၂ ဦးသေဆုံး

Posted by drmyochit Sunday, October 14, 2012, under | No comments



ယမန်နေ့ နံနက်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသကို မုန်တိုင်း ဖြတ်ကျော် ၀င်ရောက် တိုက် ခတ်သွား ခဲ့တဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လူ ၂၂ ဦး သေဆုံးသွားခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါ တယ်။သေဆုံးသွားတဲ့သူတွေဟာ န၀ါခါလီ၊ စစ်တကောင်း၊ ဘိုလာနဲ့ ဖေနီ မြို့နယ်တွေက ဖြစ်ကြပါတယ်။
မုန်တိုင်းဟာ လေဖိအားနည်း ရပ်ဝန်းငယ် တစ်ခု အဖြစ် ဘင်္ဂလား ပင်လယ်အော် အတွင်း တည်ရှိနေ ရာ ကနေ ရုတ်တရက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက ပင်လယ်ကမ်းခြေဒေသတွေကို ယမန်နေ့ နံနက် ၂ နာရီကနေ ၆ နာရီ အတွင်းဝင်ရောက် မွေနှောက် တိုက်ခတ်သွားခဲ့ပါတယ်။

သေဆုံးသွားသူတွေဟာ ဘိုလာမြို့နယ်က ၆ ဦး၊ စစ်တကောင်းက ၄ ဦးနဲ့န၀ါခါလီက ၁၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ငါးဖမ်းသမား ၁၀၀၀ ခန့်က အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။ မုန်တိုင်းကြောင့် ဒေသအတွင်းက ဓနိ- သက်ကယ်မိုး အိမ်တွေ အများအပြားလည်းပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း အိမ် ၈၀၀ ခန့် ပျက်စီးသွားတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာတော့ မိုးကြီးပြီး လေပြင်းတိုက်တာက လွဲပြီးအပျက်အစီး မရှိဘူးလို့ သိရပါတယ်။ မုန်တိုင်း ရှိနေတာကြောင့် သုံးရက်ဆက်တိုက် မိုးတွေ မရပ်မနား ရွာသွန်းနေခဲ့တဲ့ အတွက် လူတွေ အပြင်ထွက်မသွားလာနိုင်တာကြောင့် အလုပ်အကိုင် ပျက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်