Sunday, October 14, 2012

သီတဂူဆရာတော် မျက်စိကုပေးဖို့နဲ့ ပူတာအိုမှာ ဆန်လှူဖို့ မြစ်ကြီးနားကိုရောက်

Posted by drmyochit Sunday, October 14, 2012, under | No comments



သီတဂူဆရာတော်သည် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့တွင် မျက်စိဝေဒနာရှင်များအား ဆေးကု သပေးနိုင်ရန် အတွက် မျက်စိအထူးကု နိုင်ငံခြားသား ဆရာဝန်ကြီး (၃)ဦးနှင့်အတူ အောက်တိုဘာလ (၁၂) ရက်နေ့  ညနေပိုင်း တွင် မြစ်ကြီး နားမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။ 

ဆရာတော်သည် မြစ်ကြီးနားမြို့ အန်တော်ရှင် ဘုန်းတော်ကြီးကျောင်းရှိ တောင်တန်း သာသနာပြု သီတဂူ (စက္ခုဒါန) ဆေးရုံသို့ ညနေ(၄)နာရီခန့်တွင် ရောက်ရှိပြီး အဆိုပါဆေးရုံ ၌ ပင် သတင်းသုံး နေထိုင် မည်ဖြစ်ကြောင်း KDN မှ သတင်းရရှိခဲ့ပါတယ်။ 

ဆရာတော်ဟာ နိုင်ငံခြားသားဆရာဝန်ကြီး(၃)ယောက်နှင့်အတူ (စက္ခုဒါန)ဆေးရုံရှိ မျက်စိဝေဒနာရှင် များအား အတူလိုက်လံ စမ်းသပ် စစ်ဆေး ကုသ ပေးခြင်းနှင့် စားသောက် ဖွယ်ရာများ၊ ဆေးဝါးများ၊ အလှူငွေ များနှင့် ဆေးကု သရန် ပစ္စည်းတန်ဖိုးသိန်း ၆၅၀ ဖိုးခန့် လှူဒါန်းမယ်လို့လဲ သိရပါတယ်။ 


ဆရာတော်ဟာ မြစ်ကြီးနားမြို့မှာ (၃)ရက်ခန့် သတင်းသုံး နေထိုင်ပြီးလျှင် အောက်တိုဘာလ (၁၅)ရက်၌ ပူတာအို သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီးပူတာအိုတွင်လည်း မျက်စိဝေဒနာရှင် များအား ဆေးကု သပေးခြင်းကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ပြီး အဆိုပါခရီးစဉ် (၆) ရက်အတွင်းတွင် မြစ်ကြီးနားနှင့် ပူတာအိုမှ စရင်းပေးထားသူ မျက်စိဝေတနာရှင်(၁၀၀၀)ဦး အနက် (၄၀၀) ဦးခန့်အား ခွဲစိတ်ကု သခြင်းဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ 


အဆိုပါ ခရီးစဉ် အတွင်း၌ပင် မြစ်ကြီးနားတွင်သတင်းသုံးနေစဉ်အတွင်းမြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား များကိုလည်း တရားဟောကြားသွားမည်ဖြစ်ပြီး အောက်တိုဘာလ(၁၈)ရက်နေ့တွင် ပူတာ အိုမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ကြွရောက် မည်ဖြစ်ကြောင်း သိရပါတယ်။ 


သီတဂူ ဆရာတော်သည် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ကချင်ပြည်နယ် ပူတာအိုခရိုင်သို့ အောက်တို ဘာလ(၁) ရက်နေ့က ဆန်တစ်တင်းခွဲဝင် အိတ်(၁၀၀) ပို့ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ အဆိုပါ ဆန်များ သွားရောက် လှူဒါန်းခြင်းသည် သီတဂူဗုဒ္ဓ တက္ကသိုလ်၏ အလှူ သက်သက်သာ ဖြစ်ပြီး အခြား အဖွဲ့ အစည်း နှင့် ပုဂ္ဂလိက အလှူရှင်များ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်